Wireless Networks
Wireless Network မှာ သူတို့ရောက်ရှိနိုင်တဲ့
Frequency Range ပမာဏပေါ်မူတည်ပြီးတော့ (၃) မျိုးခွဲခြားနိုင်ပါတယ်။ အဲဒါတွေက
WWAN, WLAN နဲ့ WPAN တို့ဖြစ်တယ်။ အရှည်ကောက်တွေကတော့ Wireless Wide Area
Network, Wireless Local Area Network,
Wireless Personal Area Network ဖြစ်ကြတယ်။
WWAN
WWAN မှာ 3G, 2G cellular, Cellular Digital
Packet Data(CDPD), Gobal System for Mobile Communications(GSM) နဲ့ Mobitex တွေ
ပါဝင်ပါတယ်။
WLAN
WPAN
WPAN မှာ Bluetooth နဲ့ IR နည်းပညာသုံး
network တွေ ပါဝင်ပါတယ်။wireless နည်းပညာမှာ Electromagnetic Wave (EM လှိုင်း) တွေကို
အသုံးပြုပြီး information တွေကို Transmit လုပ်ပါတယ်။ wireless မှာ Radio
Frequency (RF) လှိုင်းအရှည် band ကနေ Infrared (IR) ရဲ့ လှိုင်းအရှည် band ထိ ဆိုပြီး
EM လှိုင်းတွေကို ခွဲခြားထားပါတယ်။ လှိုင်းတွေရဲ့ Frequency ဟာ 9 KHz ကနေ 300
GHz ထိ ရှိပါတယ်။ လှိုင်းတွေရဲ့ Frequency ဟာ RF ရောင်ခြည်ထက် ကျော်သွားရင် EM စွမ်းအင်တွေ
များလာတဲ့အတွက် IR အဆင့်ဖြစ်တဲ့ 300 GHz ကို ရောက်သွားပါတယ်။ 300 GHz ကို ကျော်လွန်သွားရင်တော့
အဲဒီလှိုင်းတွေကို ကျွန်တော်တို့ မြင်နိုင်ပါပြီ။ အဲဒါက ဘာလဲဆိုတော့ အလင်းလှိုင်းပဲဖြစ်ပါတယ်။
အလင်းလှိုင်းဟာ 1015 Hz မှာ ရှိပြီးတော့ အလွန်ကျဉ်း မြောင်းတဲ့ Frequency တွေဖြစ်ပါတယ်။
အလင်းလှိုင်း
1015 Hz Frequency ကို ကျော်လွန်သွားရင်တော့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အိုဇုန်းလွှာကို
ပျက်စီးစေတဲ့ Ultraviolet Rays ဖြစ်ပေါ်ပါတယ်။ မြန်မာလို အများသိကြတာကတော့ ခရမ်းလွန်ရောင်ခြည်
ဖြစ်ပါတယ်။ နေရောင်နဲ့အတူ ဖြစ်ပေါ်လာပါတယ်။ UV မှာ ပါဝင်တဲ့ Ionize Atom ဟာ လူသားကမ္ဘာဆီကို
အရေပြားကင်ဆာရောဂါတွေ သယ်ဆောင်လာပါတယ်။ UV လှိုင်းရဲ့ Frequency ဟာ 1015 Hz ကနေ
1017 Hz ထိ ရှိပါတယ်။
Electormagnetic Spectrum လို့ခေါ်တဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်တွေရဲ့
Frequency တွေဟာ မြင့်လာလေ စွမ်းအင်တွေ ပိုဖြစ်လေပါပဲ။ အခုချိန်ထိ Frequency
1017 Hz ထိ ဟာ ဘယ်လှိုင်းတွေဖြစ်တယ်ဆိုတာ သိလောက်ပါပြီ။ မပြီးသေးပါဘူး။ သူ့အထက်မှာ
ကျန်ပါသေးတယ်။ 1017 Hz နဲ့ 1020 Hz ကြားမှာ ဖြစ်တဲ့လှိုင်းကတော့ လူတွေရဲ့ တစ်သျှူးတွေကိုတောင်
ဖောက်ထွင်းနိုင်ပါတယ်။ ဒါဆိုရင် ဘာလှိုင်းဖြစ်တယ် ဆိုတာ သိတယ်မဟုတ်လား။ X-Rays ပေါ့။
လူတွေရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ထိုးဖောက်မြင်နိုင်တဲ့အတွက် Doctor တွေအနေနဲ့
လူနာရဲ့ ကျန်းမာရေးဆိုင်ရာတွေကို အမြန်ဆုံးသိနိုင်ပါတယ်။
Frequency 1019 Hz နဲ့ 1023 Hz ကြားမှာ
ဖြစ်တဲ့လှိုင်းကတော့ လူသားတွေအကြောက်ဆုံးအရာ၊ ယခုမျက်မှောက် အီရန်ပြဿနာ၊ မြောက်ကိုးရီးယား
ပြဿနာ။ ဒါဆို ဘာလှိုင်းလဲ။ ဂမ်မာရောင်ခြည် (Gamma Ray) ဖြစ်ပါတယ်။ နူးကလိယဓာတ်ပြုမှုကနေ
ထုတ်လွှတ်ပါတယ်။ ကိုဝေဖြိုးအောင်ကလည်း ကြီးကျယ် လိုက်တာ။ My Wireless လေး ရေးတာကို
နူးကလိယတွေတောင် ရောက် ကုန်ပြီ လို့တော့ မပြောနဲ့နော်။ အကြောင်းအရာတွေက ဆက်စပ်မိလို့ပါ။
သိထားသင့်တယ်လို့ ထင်တယ်။ Wireless ဆိုရင် Frequency က ဇာတ်လိုက်ပဲ။ အဲဒီတော့
Frequency အကြောင်းကို နားလည်နေရမယ်။ ဒီ Frequency ကို စတင်တွေ့ရှိခဲ့တာကတော့ ဂျာမန်ရူပဗေဒပညာရှင်
Heinrich Hertz ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ် တယ်။ ရေဒီယိုလှိုင်းတွေကို
ရှာဖွေတွေ့ရှိပြီး အသံလွှင့်၊ အသံဖမ်းတာကို ပထမဦးဆုံး ပြုလုပ်ခဲ့သူဖြစ်တယ်။
Frequency ဆိုတာက တစ်စက္ကန့်မှာရှိတဲ့ ကြိမ်နှုန်းအရေအတွက်ဖြစ်တယ်။
Unit ကတော့ Cycle Per Second (CPS) ဖြစ်တယ်။ တကယ်တမ်းမှာတော့ CPS ကို မသုံးပဲ ဒါကိုတွေ့ရှိခဲ့တဲ့
Heinrich Hertz ကို ဂုဏ်ပြုတဲ့အနေနဲ့ Hertz (Hz) နဲ့ တိုင်းတာပါတယ်။
Wireless LAN
Wireless network
ဟာ LAN ထက်စာရင် ပြုပြင်ပြောင်းလဲရတာ
လွယ်တယ်။ နောက်ပြီတော့ အလွယ်တကူသယ်ဆောင်သွားလို့ရတယ်။ portable ဖြစ်တယ်။ LAN မှာ network ချိတ်ဆက်ဖို့ကြိုးတွေလိုအပ်ပေမယ့် WLAN မှာတော့ Access
point device ကို ကွန်ပျုတာနဲ့တခြား
component တွေဆက်သွယ်ဖို့ အသုံးပြုပါတယ်။ wire နဲ့ချိတ်ဆက်ထားတဲ့ LAN ကို
RJ-45 port ကနေတဆင့် Accept
point device ကဆက်သွယ်ပါတယ်။ AP ဟာပုံမှန်အားဖြင့် အချင်းဝက်မီတာ
100 ca ,300 ထိရပါတယ်။ ဒီပမာဏာကို cell ဒါမှမဟုတ်
Range လို့ခေါ်ပါတယ်။ ဒီ Range အတွင်မှာ User ဟာ သူလက်တော့နဲ့ လွတ်လပ်စွာ ရွေ့ပြောင်းသွားလာလို့
ရပါတယ်။
No comments:
Post a Comment