Computer ကို အခြေခံလောက်သာ
သိချင်နေသူများအတွက်တော့ Registry ဟာ စိတ်ဝင်စားစရာမကောင်းပါ။ အဆင့်မြင့်မြင့်သုံးချင်သူများအတွက်
ကိုယ့်ဝင်းဒိုးဟာ သူများနဲ့မတူ ဆန်းသစ်နေအောင်လုပ်ဖို့ဆိုရင်တော့ Registry ဟာ ဝင်ပြီးရင်
ပြန်မထွက် ချင်လောက်အောင် စိတ်ဝင်စားစရာကောင်းပါတယ်။ System ကို ဟိုနှိုက် ဒီနှိုက်
လုပ်ချင်သူတွေဆိုရင်တော့ Registry မှာ Master ဖြစ်ဖို့ လိုအပ်လာပါပြီ။
Virus အကိုက်ခံရရင် Antivirus
Software မလိုအပ်ဘဲ Manual သက်ချင်သူများ အတွက်တော့ Registry ကို သိနားလည်ဖို့ အထူးလိုအပ်လှပါတယ်။
မှတ်မိကြမလားတော့ မသိဘူး။ mgy virus သောင်းကျန်းတုန်းက
mgy virus သက်ပြီးတာတောင်မှ နောက်ထပ် Application Software တွေ Install လုပ်ရင်
ထည့်မရတာတွေလေ။ အဲဒီတုန်းက Software ထည့်မရလို့ဆိုပြီး ကျွန်တော်တို့ဆိုင်ကို လာအပ်တဲ့
Service စက်တွေအများကြီး။ သူတို့ထည့်မရတဲ့ခွေနဲ့ပဲ သူတို့ရှေ့မှာ ထည့်ပြ လိုက်တယ်။
ပြဿနာက Registry မှာ တတ်နေတာလေ။ အဲဒါကို ရှင်းလိုက်ရင် ရရော။ ကဲ Registry ဘယ်လောက်
အရေးကြီးသလဲလို့။ ဒီစာအုပ်မှာ အဲဒီအကြောင်း ပါတယ်နော်။ တစ်အုပ်လုံးကို အစအဆုံးဖတ်စေချင်လို့
စာမျက်နှာနံပါတ် မပြောတော့ဘူး။ ဒါ Spot ရိုက်ပြီး စာသင်ပေးနေတာ မဟုတ်ဘူး။ ဗဟုသုတ
ကြွယ်ဝအောင် ပညာလေ့လာ နေတာ။
သိချင်စိတ်ရှိရင်တော့ ဒီစာအုပ်ကို အစ
အဆုံး ဖတ်ပြီး ချက်ချင်း စမ်းသပ်ကြည့်။ Registry ကျွမ်းကျင်တဲ့သူတစ်ယောက်အတွက်
Window ဟာ လက်ညှိုးညွှန်ရာ ရေဖြစ် တယ်ဆိုတာ သိလာလိမ့်မည်။
ကျွန်တော်လည်း ဆရာကြီး မဟုတ်ပါဘူး။ ဖတ်ဖူး
မှတ်ဖူး လေ့လာဖူး စမ်းသပ်ဖူး ခဲ့တာတွေကို စုစုစည်းစည်းဖြစ်အောင် စာအုပ်လေးလုပ်ပြီး
Knowledge Sharing လုပ်တာပဲ ရှိတာပါ။ Registry ဟာ ကျယ်ပြန့်တာမို့ စာရေးသူကိုယ်တိုင်
Registry ကို ဆက်လက်လေ့လာလျှက် ရှိပါကြောင်း ရိုးသားစွာ ဝန်ခံအပ်ပါသည်။
ဝေဖြိုးအောင် (AIT
Computer)
No comments:
Post a Comment