Social Icons

Monday, August 4, 2014

008 Power Director Book & DVD



Director လို့ပြောလိုက်ရင် သိုင်းလောကသားတွေက အဲလေ တရုတ်သိုင်းကားတွေ ကြည့်ပြီး ယောင်လို့ Editing လောကသားတွေက ''စာတန်းထိုးအကောင်းဆုံးSoftware'' ပဲ လို့ သိကြပါတယ်။ အလှူ၊ မင်္ဂလာဆောင်တွေရဲ့ နိဒါန်း Intro တွေကို Director နဲ့ပဲ စာတန်းထိုး ကြပါတယ်။ Director နဲ့စာတန်းထိုးမှ Advanced ဖြစ်တယ်လို့ ဆိုကြပါတယ်။ Director အကြောင်းမိတ်ဆက်နေတာ လွန်လှချည်းလားလို့ အပြစ်တင်မစောလိုက်ပါနဲ့။ သင်လည်း သုံးကြည့်ရင် အကြိုက်တွေ့သွားမှာပါ။ အဆင်သင့်ပြုလုပ်ထားတဲ့ Effect တွက စွဲမှတ်စရာ ကောင်းလှပါတယ်။

            Video Editing ရဲ့လုပ်ငန်း Procedure မှာတော့ Director မှာ စာတန်းထိုးပြီး avi format နဲ့သိမ်းပါတယ်။ ပြီးမှ Pinnacle တို့ Premiere တို့ရဲ့ Timeline မှာ body နဲ့ ပေါင်း ပြီးမှ နောက်ဆုံး Final ခွထုတ်ပါတယ်။ ဘာကြောင့် Director နဲ့ စာတန်းထိုးရသလဲ ဆိုတော့ အသုံးပြုရတာလွယ်ကူတယ်။ စာတန်းတစ်ခုချင်းစီကို အဝင်တစ်မျိုး အထွက်တစ်မျိုး Effect တွကို တစ်မျက်နှာတည်းမှာပဲ ပုံစံမတူ အမျိုးမျိုးဖြစ်အောင် တစ်ပြိုင်နက်တည်း လုပ်လို့ရတာ လည်းပါတယ်။ အဲဒီလိုမျိုးကို ကျန်တဲ့ Editing Software တွမှာ လုပ်လို့မရပါ။ လုပ်လို့ ရခဲ့ရင်လည်း Timeline တွမှာ Track တွေ အများကြီးဆင့်ပြီး အချိန်ကုန်လူပန်းခက်ခက်ခဲခဲ လုပ်ရပါတယ်။ ရလာတဲ့ Quality ကလည်း Director လောက်မလန်းပါဘူး။ ပြောနေတာ အချိန်ကြာပါတယ်ဗျာ။ လက်တွေ့ လုပ်ကြည့်ရအောင်။

‌ဝေဖြိုး‌အောင် (AIT Computer)

No comments:

Post a Comment