Accounting ပညာရပ်ဟာ ခုခေတ်မှာ
ဘဝအာမခံချက်ရှိတဲ့ ပညာရပ်တစ်ခု ဖြစ်လို့ လူငယ်အများစုဟာ LCCI level 3 နဲ့ MYOB
Computer Accounting ကို ပြီးဆုံးအောင် သင်ကြားတတ်မြောက်ဖို့ ရည်မှန်းချက်ပန်းတိုင် ထားလာပါတယ်။
ဟို အရင်တုန်းက ဖခင် တစ်ယောက်တည်း လုပ်အားခဟာ လူဦးရေ ၅ ယောက် ၆ ယောက်လောက် ရှိတဲ့ မိသားစုတွေ
လောက်ငှခဲ့ကြပါတယ်။ ဒီပိုက်ဆံနဲ့ပဲ အိမ် စားစရိတ်ရော ပညာရေး ကျန်းမာရေး အကုန် ဖြေရှင်းလို့
ရပါတယ်။ ခုခေတ်မှာ ၁၀ တန်းအောင်ပြီးတာနဲ့ အဆင်ပြေရာ လုပ်ငန်းတစ်ခုကို ဝင်ရောက်လုပ်ကိုင်ရင်း
ငွေကြေးရော လုပ်ငန်းအတွေ့အကြုံရော ရှာဖွေကြရပါပြီ။ လူငယ် အများစုအတွက် လုပ်ငန်းခွင်ထဲကို
ရောက်လိုက်တာနဲ့ အချိန်ဆိုတာ ဘဝမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိကြရပါပြီ။ တစ်ပတ်မှာ
တစ်ရက်ပဲနားရပြီး တစ်ရက်ကို ၁၀ နာရီကြာ အလုပ်လုပ်နေရတဲ့ လူငယ်အများစုအတွက် ကွန်ပျူတာသင်တန်းတတ်ဖို့ဆိုတာ
သင်တန်းကြေး ပေးစရာငွေကြေးရှိခဲ့ရင်တောင်မှ တတ်ဖို့ အချိန် မပေးနိုင်တော့ပါ။
လုပ်ငန်းအများစုကလည်း
ကျောင်းဆက်တတ်သူ သင်တန်းတတ်သူများကို နေရာမပေးချင်ကြပါ။ သတင်းစာထဲမှာ အလုပ်ခေါ်ရင်တောင်မှ
ကျောင်းဆက်မတတ်သူ၊ သင်တန်းမတတ်သူများကို ဦးစားပေးမည်။ ဒီလိုမဟုတ်ရင် ကျောင်းဆက်တတ်သူ
မဖြစ်ရ လို့ ရေးတတ်ပါသည်။ ဒါဟာ လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေကို အညွှန့်ချိုးလိုက်သလိုပါပဲ။
နိုင်ငံတကာကို ရင်ပေါင်းတန်ဖို့ ကျွန်တော်တို့တတွေ ပညာ ကောင်းကောင်းတတ်ရပါမည်။ ပြောချင်တာက
ဒီစာအုပ်လေးကို လုပ်ငန်းခွင်ထဲကနေ ကွန်ပျူတာသင်တန်းတတ်ဖို့ အချိန်မရသူများအတွက် ကွန်ပျူတာ
စာရင်းကိုင်ပညာရပ်ကို လေ့လာနိုင်အောင် မြန်မာလို ပြုစုထားပါတယ်။ Step by Step လေ့လာပြီး
Self Study ကို အလေ့အကျင့်ဖြစ်သွားစေချင်တဲ့ သဘောပါ။
Computer Accounting ကို မလေ့လာခင်မှာ
ကွန်ပျူတာအခြေခံများကို သိအောင် အရင်လေ့လာသင့်ပါသည်။ Computer Basic & DTP အတန်းကို
တတ်ဖို့ အချိန်မပေးနိုင်ရင် လည်း ကျွန်တော်ရေးထားတဲ့ ကွန်ပျူတာအခြေခံအကြောင်းအရာများ
စာအုပ်နဲ့ Microsoft Office Suite 2010 စာအုပ် နှစ်အုပ်ကို ဝယ်ယူဖတ်ရှုလေ့လာလိုက်ရင်လည်း
Computer Basic & DTP အတန်း တတ်ပြီးသားဖြစ်သွားတာပါပဲ။ ဒီစာအုပ် အစအဆုံးသဘောပေါက်ရင်
MYOB ကို ကောင်းကောင်းအသုံးချပြီး လုပ်ငန်းခွင်ဝင်နိုင်တာမို့ ဂရုတစိုက်လေ့လာပါလို့
တိုက်တွန်းပါတယ်။
ဝေဖြိုးအောင် (AIT
Computer)
No comments:
Post a Comment