အရင်ကတည်းက ကွန်ပျူတာ တစ်လုံးတည်းကနေ
Monitor တွေပွားပြီး သုံးတဲ့နည်းစနစ်ကို ကျွန်တော်သိချင်နေတာ ကြာပါပြီ။ ကံကောင်းချင်တော့
အဲဒီပစ္စည်းလေးဟာ ဆိုင်ပေါ်ရောက်လာပါတယ်။ အဲဒီတုန်းက ကိုယ်ကလည်း Network အခြေခံကနည်သေးတော့
ဘယ်လိုမှ ဖြစ်မြောက်အောင် မစမ်းသပ်နိုင် မချိတ်ဆတ်နိုင်ခဲ့ပါဘူး။ အဲ နှစ်နှစ်လောက်လည်း
ကြာရော အဲဒီလို ပစ္စည်းမျိုးထပ်ရောက်လာပါတယ်။ ဒီတစ်ခါတော့ နာမည်ပြောင်းသွားပါတယ်။
Thin Client တဲ့ နာမည်သာပြောင်းသွားတာ ပစ္စည်းကတော့ အတူတူပဲ ။ မတူတာ တစ်ခုကတော့ ပါဝင်တဲ့
Utility Software ဖြစ်ပါတယ်။
ပြန်လည်စမ်းသပ်ချိတ်ဆတ်တဲ့အခါမှာတော့
အောင်မြင်စွာ ပွားယူချိတ်ဆတ်နိုင်တာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကလည်း
Network စာအုပ်တွေတောင် ရေးနိုင်နေပြီ ကိုး။
ဘယ်ရမလဲ။ မရမချင်း ချိတ်တာပေါ့။ ချိတ်လို့လည်းရရော သူများတွေကို ဒီချိတ်နည်း
လေးကို Share ပေးချင်လာတယ်။ ဆိုင်ကို ဒီပစ္စည်းလာဝယ်တဲ့ Customer တွေကိုလည်း လာဝယ်တိုင်
Presentation လုပ်ပြရတော့ ခဏခဏအလုပ်ရှုပ်တာပေါ့။ သူတို့လည်း အလွယ်တကူလေ့လာလို့ရအောင်
ဒီစာစဉ်လေးကိုကြိုးစားပြီး ပြုစုထားပါတယ်။
ဒီ
Thin Cliant တွေနဲ့ ကွန်ပျူတာ ပွားပြီး သင်တန်းဖွင့်ထားတဲ့ ကျွန်တော့် ကျောင်းသားတွေကိုလည်း
ကိုယ်တိုင်ချိတ်ဆတ်တတ်စေချင်တာနဲ့ အပြည့်အစုံ ရေးသားဖော်ဖြထားပါတယ်။ ကျွန်တော်ပြထားတဲ့
အစီအစဉ်အတိုင်း တစ်ဆင့်ချင်းစီ လုပ်ကြည့်မယ်ဆိုရင် သေချာပေါက်ချိတ်ဆတ်တက်မှာဖြစ်ပါတယ်။
ဒီပစ္စည်းတွေသုံးခြင်းအားဖြင့် သင်တန်းကြေးတွေကို အများကြီးလျှော့ချထားလို့ရပါသည်။
သင်တန်းတွေရော internet ဆိုင်တွေရော အသုံးပြုသင့်ပါသည်။
ဝေဖြိုးအောင်
(AIT Computer)
No comments:
Post a Comment