အခုတင်ပြမည့်
အကြောင်းအရာတွေကတော့ www.trainsignals.com ကနေ ထုတ်ဝေတဲ့ Lab စာအုပ်တွေကနေ
တိုက်ရိုက်ဘာသာပြန် ဖော်ပြပေးထားတာတွေ ဖြစ်ပါတယ်။ဒီ Lab စာအုပ်တွေရဲ့ ရေးသားချက်ကတော့
မြင့်မားတဲ့ နည်းပညာတွေကို လွယ်ကူစွာ နားလည်စေခြင်းပါပဲ။
မဝေ့မဝိုက်ဘဲ
တိုက်ရိုက် ရှင်းလင်းဖော်ပြပေးထားတဲ့အတွက် လေ့လာရတာ အချိန်ကုန်သက်သာပါတယ်။ Lab အတွက်
ရည်စူးထားတဲ့အတွက် သဘောတရားထက် လက်တွေ့က ပိုများပါတယ်။ Server Series တွေအတွက် လုံလောက်တဲ့
တင်ပြမှုတွေပါ။
ဒီစာအုပ်တွေကို
အကောင်းဆုံးပုံစံ လေ့လာနည်းကတော့ လက်တွေ့ချိတ်ဆတ်ပြီးတော့ တစ်ခန်းချင်းစီ လုပ်သွားတဲ့နည်းပါပဲ။
အဲဒီလို မတက်နိုင်ရင်တော့ အရင်ဆုံး အစအဆုံး ဖတ်ကြည့်လိုက်ပါ။ သဘောတရား အခြေခံနားလည်
သဘောပေါက်ပြီဆိုမှ လက်တွေ့ လုပ်ကြည့်ပါ။
စာအုပ်ထဲမှာ
ပေးထားတဲ့ Computer Name တွေလို အပြင်လက်တွေ့မှာ လည်း ပေးထားဖို့ လိုအပ်ပါသည်။
သို့မှသာ သူတို့၏ ပေးထားတဲ့ Instruction တွေအတိုင်း တစ်ထပ်တည်းတူညီအောင် လုပ်နိုင်မှာဖြစ်ပါတယ်။
အချိန်သက်သက်သာသာနဲ့
Server တွေအကြောင်းနားလည်အောင် Trainsignal စာအုပ်တွေ ဖတ်ကြပါစို့။
ဝေဖြိုးအောင်
(AIT Computer)
No comments:
Post a Comment