Social Icons

Thursday, August 7, 2014

Barcode ဆိုတာ



 Image result for barcode images

ကုန်ပစ္စည်းထုတ်လုပ်မည့်သူတိုင်း Barcode System ကို မဖြစ်မနေ သုံးစွဲဖို့ လိုအပ်လာပါတယ်။ သို့မှသာ တိကျသော လျှင်မြန်သော ထိရောက်သော စီးပွားရေးလုပ် ငန်းတွေကို ဝန်ထမ်းအင်းအား အနည်းငယ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

            Barcode တွေကို ၁၉၆၀ နောက်ပိုင်းကစပြီး စက်မှုလုပ်ငန်းတွေမှာ စတင် အသုံးပြုလာကြပါတယ်။ အခုအချိန်မှာတော့ ကုန်ပစ္စည်းတွေကို ခွဲခြား ရေတွက်ဖို့ စီးပွားရေးလုပ်ငန်းတွေမှာ တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ Barcode System အသုံးပြုခြင်းကြောင့် ထုတ်ကုန်တွေကို ရေတွက် တွက်ချက်ရာမှာ လူတွေကြောင့် ဖြစ်တတ်တဲ့ အမှားတွေ (Human Error) ကို လျှော့ချနိုင်ခဲ့ပါတယ်။ ဉပမာ - ရောက်ရှိ လာတဲ့ ကုန်ပစ္စည်းတွေကို စာရွက်ဘောပင်ကိုင်ပြီး လိုက်မှတ်နေမည့်အစား Barcode Scan အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာ Database ထဲမှာ အမျိုးအမည် ခွဲခြားပြီး အလို အလျောက် မှတ်သားပြီးသား ဖြစ်သွားပါမည်။ စာရင်းမှတ်ဖို့ ဝန်ထမ်းအများကြီး မလိုအပ် တော့သလို အမေ့သားပီပီ လူတွေရဲ့ မေ့ကျန်တတ်တဲ့ အမှားတွေကိုလည်း ဖယ်ရှားပြီးသား ဖြစ်သွားပါမည်။

Barcode ဆိုတာ ဘာလဲ?
            Barcode တွေကို စက်တွေက ဖတ်ရှုနားလည်နိုင်အောင် ဒီဇိုင်းပြု တီတွင် ထားပါတယ်။ ဂဏန်းတွေ (Numbers) တွေနဲ့ သင်္ကေတ (Symbols) တွေကို အဖြူ အနက် မျဉ်းကြောင်းတွေနဲ့ ကိုယ်စားပြုပြီး Encoding လုပ်ထားပါတယ်။ အောက်မှာ နမူနာ ပြထားတဲ့ Barcode ဆိုရင် Code 39 Scheme ကို အသုံးပြုထားတဲ့ Standard 2D Barcode ဖြစ်ပါတယ်။ Barcode တွေကို Laser Scanner တွေနဲ့ အဓိက ဖတ်ကြပြီး အခုနောက်ပိုင်း ပေါ်လာတဲ့ Camera, Phone တွေနဲ့လည်း ဖတ်ရှုနိုင်တာကို
တွေ့ရပါတယ်။

           
            Code 39 (တစ်ခါတစ်ရံမှာ 3 From 9 လို့လည်း ခေါ်တယ်) Barcode ဟာဆိုရင် Symbol အသီးသီးကို ကိုယ်စားပြုဖို့ 9 Bars ကို အသုံးပြုပါတယ်။ Bar တွေဟာ အဖြူရောင်လည်း ဖြစ်ချင်ဖြစ်မယ်။ အမည်းရောင်လည်း ဖြစ်ချင်ဖြစ်မယ်။ ဘားကျယ် (Wide Bar) တွေဟာ ဘားကျဉ်း (Narrow Bar) တွေထက် ၂.၁ သို့မဟုတ် ၃ ဆလောက် ပိုမို ကြီးမားပါတယ်။ Symbol အသီးသီးအတွက် Black Bar နဲ့ စတင်ပြီး Black Bar နဲ့ပဲ အဆုံးသတ်ပါတယ်။ မှန်ကန်တဲ့ Barcode တွေဟာ နယ်နိမိတ် ကန့်သတ်မျဉ်း (Delimiter) အဖြစ် Star (*) Symbol နဲ့ စပြီး အဲဒါနဲ့ပဲ အဆုံးသတ်ပါ တယ်။
            Symbol (၃) ခုရှိတဲ့ Barcode တစ်ခုမှာ Bar အရေအတွက် ဘယ်နှခု ရှိသလဲ? ဆိုတာ လေ့လာကြည့်ရအောင်။
၁။         Symbol (၃) ခု ဆိုတော့                  = 3
၂။         Start အတွက် Symbol ၁ ခု             = 1
၃။         Stop အတွက် Symbol ၁ ခု             = 1
            (အားလုံး Symbol (၅) ခု ဖြစ်သွားပါတယ်။ Symbol တစ်ခုစီအတွက် ၉ ဘားစီ ရှိတယ်ဆိုတာ အထက်မှာ ရှင်းပြခဲ့ပြီး ဖြစ်တယ်။)
၎။         ၅ x ၉                                         = 45
            (Symbol ချင်းခြားနားဖို့အတွက် အဖြူရောင်ဘားကျဉ်း (၄) ခု ထပ်ထည့်ရပါမည်။)     
၅။         ၄၅ + ၄                                      = 49
            အားလုံး Total = 49 Bars ရရှိပါတယ်။

2 comments:

  1. Facebook မှာ sharing ယူသွားပြီနော်

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်။

    ReplyDelete