Software
Installation Guide ဆိုပြီး စာအုပ်တစ်အုပ် ရေးသားချင်နေတာ ကြာပါပြီ။ တစ်ချို့
Customer တွေဟာ Install လုပ်ဖို့ အင်မတန်လွယ်ကူလှတဲ့ Software လေးတွေ တောင် Service ဆိုင်ကို
တကူးတကလာပို့၊ တစ်နေကုန် အပ်ထား၊ ညနေ ဒါမှမဟုတ် နောက်နေ့ မှလာယူ၊ အဲဒီတော့ အချိန်ကုန်
လူပန်း ငွေကုန် အလုပ်ပျက်တာပေါ့။ အဲဒီလို မဖြစ်ရအောင် ကိုယ်အသုံးပြုနေကျ Software လေးတွေကို Software ဆိုင်တွေဖြစ်တဲ့
Active, National, Excellent, NewMe တို့ကနေ ဝယ်ပြီး ဆောင်ထားလိုက်မယ်။ အမှန်တကယ်
Install လုပ်တောင်အောင်လည်း လေ့လာထားမယ် ဆိုရင် စက်ပျက်လို့ Service ဆိုင်ပို့ရတယ်ဆိုတာ
မရှိတော့ပါဘူးဗျာ။
ကွန်ပျူတာမှာ အပိုင်း ၂ ပိုင်းရှိတယ်ဗျ။
Hardware နဲ့ Software။ Hardware က ပျက်ခဲတယ်ဗျ။ တော်ရုံတန်ရုံလောက်နဲ့တော့ မပျက်ပေါင်။
အဲ ခဏ ခဏ ပျက်တာကတော့ Software ဗျ။ လက်တွေ့လုပ်ငန်းအနေနဲ့ ပိုင်းခြားကြည့်လိုက်မယ်ဆိုရင်
Window, Driver, Application, Plug-in ဆိုပြီး (၄) ပိုင်းရှိတယ်ဗျ။ window နဲ့
Driver ကတော့ စနစ်တကျ သင်ယူမယ်ဆိုရင် မခက်ခဲပေမယ့် ဒီအတွက် A+ သင်တန်းတစ်ခုတတ်ပြီး
အချိန်ပေးရမှာ ဖြစ်တဲ့အတွက် အလွယ်တကူ လုပ်တတ်မည် မထင်ပါ။ Appliction နဲ့ဆိုင်ရာ
Plug-in ထည့်တာ လောက်ကိုတော့ Next, Next, Finish နှိပ်တတ်ရုံလေးနဲ့ ဖြစ်နိုင်တဲ့အတွက်
အိုးမကွာ၊ အိမ်မကွာ၊ သင်တန်းကြေးပေးစရာမလို၊ အချိန်သီးသန့် ပေးစရာမလိုပဲ ဒီစာအုပ်လေးကို
အစဉ်အတိုင်း ဖက်လိုက်တာနဲ့ ကိုယ်တိုင် လုပ်နိုင်လိမ့်မည်ဆိုတာ ယုံကြည်ပါသည်။
စာစီစာရိုက်ဆိုင်ဆိုရင်လည်း
Office ခွေ၊ PageMaker ခွေ၊ Font ခွေလေး ဆောင်ထားရုံလေးနဲ့ အလုပ်ဖြစ်ပါတယ်။ တတ်နိုင်ရင်တော့ Printer
Driver တင်တာလေးပါ လေ့လာထားရင် ဘယ်စက်ပြင်ဆရာမှ သွားခေါ်နေစရာ မလိုတော့ဘူးပေါ့။ ဓာတ်ပုံဆိုင်ဆိုရင်လည်း
Photoshop ခွေ၊ Design Background ခွေ၊ Photoshop Plug-in ခွေလေး ဆောင်ထား၊ Printer Driver နဲ့ Scanner Driver လည်း ကိုယ်တိုင် မောင်းတတ်အောင်
လေ့ကျင့်လိုက်မည်ဆိုရင် စက်ပျက်လို့ တစ်နေကုန် Service ဆိုင်ပို့ရတဲ့ ဒုက္ခကနေ ကင်းလွတ်ပြီပေါ့ဗျာ။ ကဲ … လုပ်ငန်းတွေ မြန်ဆန်တိုးတတ်အောင် ကိုယ်သုံးတဲ့
Software ကို ကိုယ်တိုင် Install လုပ်တတ်အောင် Software Installation Guide ဖတ်ပြီး
လေ့လာကြပါစို့။
ဝေဖြိုးအောင် (AIT Computer)
No comments:
Post a Comment