ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးဆိုကတည်းက
Networking သဘောတ ရားပါ လာပါပြီ။ Network လေ့လာတော့မည် ဆိုပါက လက်တွေ့ရော သဘောတရားပါ နားလည် ကျွမ်းကျင်နေမှ အလုပ်ဖြစ်မှာ
ဖြစ်ပါတယ်။ သို့မဟုတ်ပါက အပြည့်အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာမည် မဟုတ်ပါ။
Network သမားတစ်ယောက်ဖြစ်ဖို့ အခြေခံအားဖြင့်
Cable ကြိုးကောင်းကောင်း ညှပ်တတ်ရပါမည်။ သပ်သပ်ရပ်ရပ် သေသေချာချာ ဖြစ်နေဖို့လည်း လိုအပ်ပါသေးသည်။
အဲဒီ အတွက်လည်း Cramping Tool, Down Tool နဲ့ Network Tester တွေလည်း ဆောင်ထား ဖို့လိုအပ်ပါသည်။
ဤစာအုပ်တွင် Network တစ်ခု ချိတ်ဆက်ဖို့
လိုအပ်သည့် IP Address, Subnet Mask, Gateway, DNS Server များကို သေသေချာချာ ရှင်းပြထားပါသည်။
Computer name, Workgroup, User Account များကိုလည်း အသေးစိတ် နားလည်အောင် ရှင်းပြထား
ပါသည်။
Networking အတွက် အဓိက Hardware များဖြစ်သည့်
Switch, Router, Access Point, CPE အကြောင်းများကိုလည်း အသုံးပြုတတ်အောင် ရေးသားတင်ပြထားပါတယ်။
ဝေဖြိုးအောင်
(Systemer)
No comments:
Post a Comment