Networking
Course ၏ အခြေခံသဘောတရားများကို ကွန်ပြုတာနှစ်လုံး တည့်ချိတ်ဆက်ခြင်းအားဖြင့် စတင်လေ့လာသင်ယူရမည်ဖြစ်ပြီး
ထိုမှတဆင့် ရာဂဏန်းရှိသော ကွန်ပြုတာများကို Switch ခံပြီး ချိတ်ဆက်သည့် Enterprise
Level Network ထိ သင်ယူရမည်ဖြစ်သည်။ ချိတ်ဆက်ရာတွင် အခတ်အခဲမရှိစေရန် TCP\IP ၏ သဘောတရား
များကို သေချာကျနစွာ ရှင်းပြမည်ဖြစ်ပြီး လက်တွေ့များကိုလည်း မမေ့အောင်
ကြိမ်ဖန်များစွာ Pratical လုပ်ရမည်ဖြစ်သည်။
ဤသင်တန်းပြီးလျှင်
အနည်းဆုံးအားဖြင့် Game ဆိုင်များအတွက် Network Game များ Install လုပ်နည်း၊
ချိတ်ဆက်ပြီး ဆော့ကစားခြင်း၊ Serial Key များ မတူအောင် Change ခြင်း၊ Crack File
ထည့်နည်း၊ IPX\SPX ထည့်နည်း၊ Defreeze ဖြင့် အုပ်ခြင်း စသည့် အမှန်တကယ်နည်းပညာများ
လက်တွေ့လုပ်နည်းများကို ဆရာစားမချန် အကုန် သင်ပြပေး မည်ဖြစ်ပါသည်။
Internet
ဆိုင်များအတွက်လည်း Google, Firefox စသည့် Internet Application
များထည့်သွင်းနည်း၊ Internet Service ကို Server အမျိုးမျိုးထိုင်၍ Share ပေးခြင်း၊
Proxy ကျော်နည်း၊ Download Plugins များ ထည့်သွင်းခြင်း၊ Defreeze အုပ်ခြင်း၊
Cafezee , Cafesuite စသည့် Cyber Management Software များဖြင့်
ထိန်းချုပ်မှတ်သားခြင်း စသည့် လိုအပ်ရာရာ နည်းပညာများကို အမှန်တကယ် အသုံးချနိုင်အောင်
သင်ကြားပြသပေးမည် ဖြစ်ပါသည်။
Wireless
နည်းပညာများကိုလည်း Networking Course မှာပင် ထည့်သွင်း သင်ကြားပေးမည်ဖြစ်ပါသည်။
Router များကို Setting Configure လုပ်၍ Internet Service ကို ဖြန့်ဝေပေးခြင်း၊
Access Point များခံ၍ Router ၏ Internet ကို ချဲ့ထွင်ခြင်း၊ LAN ချိတ်ဆက်ထားသော
ကွန်ပျူတာများကို Wireless WiFi ပါသော Laptop များမှ Router, Access Point
များမှတဆင့် ချိတ်ဆက်ခြင်း၊Print Server ထိုင်ခြင်း၊ CPE များဖြင့် အလွန်ဝေးကွာသောနေရာများကို
ချိတ်ဆက်၍ Data Share ခြင်း၊ Internet Share ခြင်း၊ CCTV Camera မှ Video File
များကို စောင့်ကြည့်ခြင်း၊ USB Sharing ပါရှိသော Gigabit Router များကို
အသုံးပြု၍ NAS (Network Attached Storage) များပြုလုပ်ခြင်း စသဖြင့် နောက်ဆုံးပေါ်
Network နည်းပညာများကို အချိန်နှင့် တပြေးညီ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။
No comments:
Post a Comment