Social Icons

Monday, August 4, 2014

045 Microsoft Excel 2010 Book & DVD



စာရင်းဇယားများကို လွယ်ကူ‌ချော‌မွေ့စွာ ပြုလုပ်နိုင်‌စေရန် Excel ကိုလည်း သင်ကြားဖို့လိုအပ်လာပါသည်။ Microsoft Word သည် ရုံးသုံး စာစီစာရိုက် ၊ Report များ စာအုပ်များ လုပ်ရာတွင် လွန်စွာမှပင် အဆင်‌ပြေ‌ချော‌မွေ့လှ‌သော်လည်း စာရင်ဇယားများ အတွက်မူ အ‌ကောင်းဆုံးပုံစံ မဟုတ်‌ပေ။ Spreadsheet Software အမျိုးအစားဖြစ်သည့် Excel သည်သာလျှင် ‌ပေါင်းနှုတ်‌မြောက်စား Logical Formula များကို အဆင်အတန်းအမြင့်ဆုံး တွက်ချက်နိုင်‌ပေသည်။
            Excel သည် Office Suite ဖြစ်သည့်အတိုင်း 2003, 2007,2010 ဆိုပြီး Model ၃ မျိုးရှိပါသည်။ Excel 2003 သည် Window XP နှင့်အတူ အချိန်ကာလ အ‌တော်များများကြာ‌အောင် အသုံးအများဆုံးဖြစ်ခဲ့‌သော်လည်း ခုချိန်မှာ‌တော့ 2007,2010 ကိုအသုံးပြုသင့်‌ပေသည်။ အသစ်ပါဝင်‌သော Function များက 2003 နှင့်ဘာမျှမဆိုင်‌ပေ။ 2007 နှင့် 2010 မှာ‌တောင် 2010 ကိုလူသုံးနည်း‌နေ‌ပေ‌သေးသည်။ အလကားရတာ‌တောင် အ‌ကောင်းဆုံးကို မသုံးနိုင်သည်မှာ ဝမ်းနည်းဖွယ်‌ကောင်း‌လေစွ။

            2010 ကိုမသုံးကြခြင်းရဲ့ အဓိကအချက်က‌တော့ Crack မ‌ပြေခြင်း‌ပေ။ လုံးဝ မ‌ပြေတာ‌တော့မဟုတ် အပြည့်အဝမ‌ပြေခြင်းသာဖြစ်သည်။ ဆိုလိုရင်းကား ၆ လတစ်ခါ မိမိဖာသာ Crack ‌ဖြေ‌ပေးဖို့လိုသည်။ အ‌ကောင်းဆုံးကို သုံးချင်မှ‌တော့ ဒီ‌လောက်‌တော့ လုပ်‌ပေးရမှာ‌ ပေါ့‌လေ။
            တစ်ခါက ဆရာကြီး ရာဗင်ဒါနတ်တဂိုးက ‌ပြောခဲ့ဖူးတယ် ‘‘တကယ်လို့များ ဘယ်သူမှ မလိုချင်တဲ့ ပန်းတပွင့်များရှိခဲ့ရင် သူပိုင်ဆိုင်ချင်ပါသတဲ့’’။ အဲဒီ‌တော့ အနီးနားက လူတစ်‌ယောက်က ‘‘ဆရာကြီး အဲဒီပန်းမှာ ဆူးပါလာရင် ဘယ်လိုလုပ်မလဲ’’ ဆို‌တော့ ဆရာကြီးက ‘‘ပန်းကိုချစ်မှ‌တော့ သူ့မှာပါလာတဲ့ဆူးကိုလည်း ချစ်ရမှာ‌ပေါ့တဲ့’’။ ခုလည်း ကျွန်‌တော်တို့က Office 2010 ကြီးကိုသုံးချင်မှ‌တော့  ၆ လတစ်ခါ Crack ‌ဖြေတာကိုလည်း မက်မက်‌မော‌မော‌ ပျော်‌ပျော်ရွှင်ရွှင် လုပ်‌ပေးရမှာ ‌ပေါ့ဗျာ။ Microsoft ရဲ့ Software Protection Security နည်းပညာ‌တွေ တိုးတက်လာတယ်ဆိုပြီး ချီးကျူးရမယ်ဗျ။ 2010 ကို ဘယ် Cracker ကမှ ‌ကောင်း‌ကောင်းမ‌ဖြေနိုင်ကြဘူး။ ‌ပြော‌နေတာ ကြာပါတယ်ဗျာ။ Excel 2010 ကို ခုပဲ ‌လေ့လာလိုက်ကြရ‌အောင်။
ဝေဖြိုး‌အောင် (AIT Computer)

No comments:

Post a Comment