ရုံးသုံးစာစီစာရိုက်လုပ်ရာတွင် လွယ်ကူလျှင်မြန်တိကျမှုရှိတဲ့အတွက်
Microsoft Word ကို အခြေခံသင်ခန်းစာအဖြစ် ထည့်သွင်းသင်ကြားကြပါသည်။ စာရွက်တောင်းပုံ
(Page Setup)၊ စကားလုံးပုံစံရွေးပုံ (Fonts)၊ စာပိုဒ်ပြုပြင်ပုံ (Paragraph)၊ ကော်လံခွဲပုံ
(Column)၊ ဘောင်ခက် နည်း (Boarder)၊ ဇယားဆွဲပုံ (Table) စသည်တို့ကို အသေးစိတ် နားလည်ပြီး
တစ်ရွက်ချင်းစီ ရိုက်ရသည့် Report များမှသည် စာအုပ်တစ်အုပ် ရိုက်နှိပ်ထုတ်ဝေနိုင်သည့်အထိ
ရှင်းလင်းဖော်ပြ ရေးသားထားပါသည်။
အခြေခံသည် အင်မတန်အရေးကြီးသည့်အတွက် သိသင့်သိထိုက်သည့်
အချက်အလက် များကို သေသေချာချာ သဘောပေါက်နားလည်ဖို့ လိုအပ်လှပါသည်။ ဒါကြောင့် အခန်းတိုင်းကို
စေ့စေ့စပ်စပ် လေ့လာသင့်လှပေသည်။ ကိုယ်တိုင်ကောင်းကောင်းနားလည်သဘောပေါက်မှ သာလျှင် သူများကို
ပြန်သင်ပေးရာ၌ အဆင်ပြေချောမွေ့နိုင်မည်ဖြစ်သည်။
Microsoft Word User Interface သည်
Excel, PowerPoint, Access တို့နှင့် အတော်ဆင်တူနေသည့်အတွက် ၎င်းတို့ကိုဆက်လက်လေ့လာရာတွင်
များစွာအထောက်အကူ ဖြစ်စေပါသည်။
Microsoft Word ကို တစ်လနီးပါးလေ့လာသင့်ပြီး Excel နဲ့ PowerPoint ကိုတော့
တစ်ပတ်စီလောက် လေ့လာလိုက်ရင် လုံလောက်ပါသည်။
Printer နှင့်တွဲဆက်၍ Print ထုတ်ခြင်းကိုလည်း
မှတ်မိအောင် အထပ်ထပ် အခါခါ လေ့ကျင့်သင့်ပါသည်။ သို့မှသာ သင်တန်းပြီး၍ အလုပ်လျှောက်ရာ၌
မိမိကိုယ်ကို ယုံကြည်မှု့ အပြည့်ရှိနေမှာ ဖြစ်ပါတယ်။
ဝေဖြိုးအောင် (AIT
Computer)
No comments:
Post a Comment