Word က
စာစီစာရိုက်အတွက်၊ Excel က စာရင်းဇယားအတွက်၊ PowerPoint က Presentation သရုပ်ဖော်
တင်ပြရှင်းလင်းချက်တွေအတွက်၊ Access က Database အတွက် Visio က Flowchat တွေအတွက်
စသဖြင့် သူနည်းပညာနဲ့သူ အံဝင်ခွင်ကျ ဖြစ်အောင် Micrsoft က ထုတ်ပေးလိုက်တာ ချီးကျူး
အံဩစရာပဲ။ အခုတဖန် အလှည့်ကျလာတဲ့ Microsoft Application ကတော့ PowerPoint ပဲဖြစ်ပါတယ်။
ရုံးတွေ ဌာနဆိုင်ရာတွေ ကုမ္ပဏီတွေအတွက်ဆိုရင် မသိမဖြစ် သိထားရမည့် ပညာရပ်ဗျ။ ကိုယ့်အထက်လူကြီးကို
လုပ်ငန်းဆောင်တာ ဘယ်လောက်ပြီးမြောက်ထားတယ် ဘာတွေလုပ်ရမယ် စတဲ့ Planning တွေကို
ရုပ်သံ Animation တွေနဲ့ တင်ပြရှင်းလင်းနိုင်တယ်။
PowerPoint ဟာလည်း Office Suite ဖြစ်သည့်အတိုင်း
2003, 2007,2010 ဆိုပြီး Model ၃ မျိုးရှိပါသည်။ Excel 2003 သည် Window XP နှင့်အတူ
အချိန်ကာလ အတော်များများကြာအောင် အသုံးအများဆုံးဖြစ်ခဲ့သော်လည်း ခုချိန်မှာတော့
2007,2010 ကိုအသုံးပြုသင့်ပေသည်။ အသစ်ပါဝင်သော Function များက 2003 နှင့်ဘာမျှမဆိုင်ပေ။
2007 နှင့် 2010 မှာတောင် 2010 ကိုလူသုံးနည်းနေပေသေးသည်။ အလကားရတာတောင် အကောင်းဆုံးကို
မသုံးနိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလေစွ။
2010 ကိုမသုံးကြခြင်းရဲ့ အဓိကအချက်ကတော့
Crack မပြေခြင်းပေ။ လုံးဝ မပြေတာတော့မဟုတ် အပြည့်အဝမပြေခြင်းသာဖြစ်သည်။ ဆိုလိုရင်းကား
၆ လတစ်ခါ မိမိဖာသာ Crack ဖြေပေးဖို့လိုသည်။ အကောင်းဆုံးကို သုံးချင်မှတော့ ဒီလောက်တော့
လုပ်ပေးရမှာ ပေါ့လေ။
PowerPoint 2010 ဟာ မိမိလုပ်ပြီးသား Porject ကို ဗွီဒီယိုဖိုင်အဖြစ်
တိုက်ရိုက် သိမ်းနိုင်ပါသည်။
ဝေဖြိုးအောင်
(AIT Computer)
No comments:
Post a Comment