A+ လို့ပြောလိုက်ရင် ကွန်ပျူတာလောကမှာ ကွန်ပျူတာစက်ပြင်တဲ့ အလုပ်ဆိုပြီး
လူတိုင်းသိကြပါတယ်။ A+ နည်းပညာတွေကို သိတဲ့သူဟာလည်း ကွန်ပျူတာကို သာမာန်အသုံးပြုသူတစ်ယောက်အဆင့်မဟုတ်တော့ပဲ
Advanced Level ရောက်သွားပြီး ကွန်ပျူတာရဲ့ Setting တွေကို စိတ်ကြိုက်ပြင်ဆင်တည်းဖြတ်နိုင်တဲ့
Administrator တစ်ယောက်ဖြစ်လာတတ်ပါတယ်။ A+ ဆိုတဲ့ စကားနဲ့ အတူ နောက်ဆက်တွဲ မှတ်ထားရမည့်စကားလုံးကတော့
Systemer ပဲဖြစ်ပါတယ်။ ကွန်ပျူတာစက်ပြင်တဲ့ သူလို့ ယေဘူယျ သတ်မှတ်နိုင်ပါတယ်။ A+ တတ်ထားတဲ့သူတိုင်း
Systemer မဖြစ်နိုင်သလို Systemer တိုင်းလည်း A+ တတ်ဖူးချင်မှ တတ်ဖူးပါလိမ့်မည် ။ဘာပဲဖြစ်ဖြစ်
A+ နဲ့ Systemer ဆိုတာ ခွဲခြားလို့မရပါဘူး။ သတင်းစာထဲမှာ အလုပ်ကြော်ငြာခေါ်ရင်တော့
စာသံပေသံပေါက်အောင် Hardware Technician လို့ခေါ်ပါတယ်။ တကယ်တော့ Hardware
Technician ဆိုတာ Systemer စကာလုံးထက်မြင့်ပါတယ်။ ဒီမှာက Motherboard ပျက်လို့
Hardware တစ်ခုခု ပျက်လို့ တစ်စစီစွဲဖြုတ်ပြီးပြင်တာထက် ပျက်တဲ့အစိတ်အပိုင်းတစ်ခုလုံးကိုပဲ
အစားထိုးလဲလှယ်နည်းကိုသာ အသုံးပြုတာ ဖြစ်တဲ့အတွက် Hardware တွေရဲ့ Technician စကားနဲ့
မထိုက်တန်ပါဘူး။ Motherboard ပေါ်မှပါတဲ့ ပစ္စည်းအစိတ်အပိုင်းနာမည်တောင် မမှတ်နိုင်ပဲနဲ့
ဒါကိုပြင်ဖို့ ဆိုတာခက်ခဲ ပါလိမ့်မည်။ သူတို့ဆီမှာ PCB (printed circuit board ) လို့ခေါ်တဲ့
အလွာ ရလွှာ လောက်ရှိတဲ့ ဟာကို ကတ်ဆက်ရေဒီယkd Circuit တွေ ပြင်ဆင်သလို Gun နဲ့ ဖြုတ်တတ်ဖို့ဆိုတာ
တကယ်မလွယ်တဲ့ကိစ္စပါ။ ရခဲ့ရင်လည်း ခဏလေးနဲ့ ပျက်သွား တတ်ပါတယ်။
A+ ဆိုတာအကြမ်းမျဉ်းပြောရရင် Hardware တွေတစ်ခုချင်းစီရဲ့
နာမည်၊ အလုပ်လုပ်ပုံ ၊ System တစ်ခုလုံးလည်ပတ်ဖို့ အဲဒီပစ္စည်းဘယ်အခန်း ကဏ္ဍက ပါဝင်လှုပ်ရှားသလဲ? အဲဒီပစ္စည်းမကောင်းခဲ့ရင်
ကြောင်ခဲ့ရင် ဘယ်လို Error မျိုးတွေပေးတတ်သလဲ? ဘယ်လိုဒုက္ခပေးသလဲ? ဘယ်လိုတိုင်းပတ်စေသလဲဆိုတာ
ကို လေ့လာတာ အဓိကပါပဲ။
A+ နည်းပညာကို သိသွားခဲရင်
ကွန်ပျူတာတွေကို ရွေးချယ် ဝယ်ယူရာမှာ စာစီစာရိုက် Level , ဓါတ်ပုံ Level , Video
Editing Level , 3D Level စသဖြင့် စက်တွေကို သူ့အဆင့်အတန်းသူ ညီမျှအောင် ကုန်ကျစရိတ်သက်သာအောင်
မြှင့်သင့်တာကို မြှင့် မလိုအပ်သေးတာကို ချန်ထားသင့် ချန်ထားနိုင်အောင် အသိအမြင်
ဗဟုသုတတွေပေးပါတယ်။
နောက်တစ်ခုက
လုပ်ငန်းနဲ့ အံဝင်ခွင်ကျဖြစ်မည့် Software တွေကို ရွေးချယ်ထည့်သွင်း အသုံးပြုလာတတ်ပါတယ်။
မလိုအပ်သည်များကို ထည့်ပါက Operating System ကို နှေးကွေးစေပြီး စက်ရဲ့
Performance ကိုထိခိုက်စေပါတယ်။ A+ ကိုအမှန်တကယ် နာလည်တတ်ကျွမ်းသူတစ်ယောက်အတွက်
Install မလုပ်နိုင်တဲ့ Window , Driver, Software , Utilities, Plug-in မရှိသလောက်ပါပဲ။
ခွေက Error ပါလို့ ၊ Window အမျိုးအစားနဲ့ မကိုက်လို့ ထည့်မရတာကတော့တစ်မျိုးပေါ့။
A+
ရဲ့ နောက်ထပ်အရေးပါတဲ့အကြောင်းကတော့ Registry ပါ။ ကျွန်တော့် သင်တန်းသားတွေကိုတော့
ရိုးရိုး A+ Hardware တွေအကြောင်း ၊ Window တင်နည်း ၊ Driver တင်နည်း၊ Software တင်နည်း၊
ဓါတ်ပုံ ၊ဗွီဒီယို Plug-in ချိတ်ဆတ်နည်းတွေသင်ပြီးသွားရင် Registry ကို သင်ပေးပါတယ်။
My Registry ဆိုပြီးကျွန်တော်စာအုပ်ရေးထားတာရှိပါတယ်။ အဲဒီစာအုပ်မှာ Registry ရဲ့
အရေးကြီးတဲ့ Topic (200 ) လောက်ကို ရှင်းပြထားပါတယ်။ ဘာကြောင့် Registry ဟာ အရေးပါသလဲဆိုတော့
Virus သတ်ဖို့ပါ။ Registry ကို အမှန်တကယ်နားလည်ရင် Antivirus မလိုဘဲ Virus သတ်နိုင်ပါတယ်။
ကျွန်တော့်လုပ်ငန်းသုံးစက်တွေဆို တစ်စက်မှ Antivirus မပါဘူး။ ဘယ့်တော့မှလည်း ဗိုင်းရပ်မဝင်ဘူး။
Memory Stick တွေလည်း သုံးတာပဲ။ ဗိုင်းရပ်ရဲ့သဘောတရားကို နားလည်ရင် သူ့ကို မဝင်အောင်
တားဆီးနိုင်တယ်။
Virus
တိုက်ခိုက်ခံရတဲ့စက်ဟာ လေးတယ်။ သုံးရတာနှေးတယ်။ Folder Option ပျောက်တယ်။
Registry Editor ခေါ်လို့မရ၊ Task Manager ခေါ်လို့မရဘူးဆိုတာ A+ သမားမပြောနဲ့ သာမာန်အသုံးပြုသူ
User တောင်သိတယ်။ ရိုးရိုးသာမာန်သိထား ကြတာကတော့ Virus ကိုက်ရင် Window ပြန်တင်လိုက်ရင်
ကောင်းသွားမှာပေါ့။ မှန်ပါတယ်။ 100% နီးပါးမှန်ပါတယ်။ ဒါတောင် Window တင်ပြီးပြီးချင်း
D: နဲ့ E: နဲ့ ကို Double Click နှိပ်ပြီးသွားဖွင့်ရင် C: ထဲက Window အသစ်လေးကို
Virus ကိုက်အုံးမှာပဲ။ ကိုယ့်လုပ်ငန်းမှာအသုံးပြုနေတဲ့ Memory Stick , Memory Card , CD,DVD ထဲမှာရှိတဲ့
Virus တွေကိုလည်းအမြစ်ပြတ်ရှင်းနိုင်မှ Virus Circulation လို့ခေါ်တဲ့ ဗိုင်းရပ်စ်
သံသရာ မှ လွတ်ကင်းမှာ ဖြစ်ပါတယ်။ Virus နဲ့ ပတ်သတ်ပြီး ‘‘ဗိုင်းရပ်စ်ဆိုတာ ချိုနဲ့လားကွဲ့’’
ဆိုပြီး အသေးစိတ် ရှင်းလင်းရေးသား ဖော်ပြထားပါတယ်။
ဝေဖြိုးအောင် (AIT Computer)
No comments:
Post a Comment