တိုးတတ်ပြောင်းလဲလာသော လူနေမှုစနစ်တွင်
Internet သည် မရှိမဖြစ် Essential ဖြစ်လာပါသည်။ ကျောက်ခေတ်မှသည် တဖြေးဖြေးတိုးတတ်ပြောင်းလဲလာကာ
IT (Information Technology) နည်းပညာခေတ်သို့ ရောက်ရှိ၍ လာပေသည်။ Computer ကို
Standalone (တစ်လုံးတည်းသီးသန့်) သုံးစွဲရာမှသည် အချင်းချင်းချိတ်ဆက်၍ Data အပြန်အလှန်ပေးပို့ခြင်း(Data
Sharing)၊ Printer တစ်ခုတည်းကို မျှဝေသုံးစွဲခြင်း (Device Sharing)၊ ဗဟိုထိန်းချုပ်ကွပ်ကဲခြင်း
(Centralization)၊ လုံခြုံရေးဆိုင်ရာနည်းစနစ်များ (Security)၊ Game များ ချိတ်ဆက်ကစားခြင်း
စသည့် Network ဆိုင်ရာနည်းပညာများကို သုံးစွဲလာနိုင်ခဲ့သည်။
Network ကို သုံးစွဲရာမှသည် တစ်ကမ္ဘာလုံးချိတ်ဆက်ထားသည့်
Internet ကို ချိတ်ဆက်နိုင်ခြင်းအားဖြင့် အချိန်နှင့် တပြေညီ သတင်းအချက်အလတ်များကို
သိရှိရပါသည်။ Internet ကို အသုံးပြု၍ Chatting (စကားပြောခြင်း)၊ Web Browser များကို
အသုံးပြု၍ မိမိသိရှိလိုသည့် Information (အချက်အလတ်များ) ကို ရှာဖွေခြင်း၊
On-line Game ကစားခြင်း၊ Social Network များဖြစ်သည့် Facebook အသုံးပြုခြင်း၊
E-mail အသုံးပြုခြင်း စသည့် နည်းပညာများကို Apply (အသုံးချ) လာနိုင်သည်။
Internet ကို သုံးစွဲနိုင်ဖို့ အရင်ဆုံးတပ်ဆင်ရမည့်
Device ကတော့ Modem ပဲ ဖြစ်ပါသည်။ ထို့အပြင် Internet Service ကို ထောက်ပံ့ပေးမည့်
Provider များဆီမှ Internet Line တစ်ခုလည်း ရှိဖို့ လိုအပ်ပါသည်။ Modem သည်
Internet နှင့် မကင်းသလို Internet သည်လည်း Modem ရှိမှ ပြီးပြည့်စုံနိုင်တာကြောင့်
အချင်းချင်း အညမည ပစ္စည်းဖြင့် ကျေးဇူးပြုနေကြလေသည်။ ထို့ကြောင့် ဒီစာအုပ်ကို
Modem & Internet အမည်ဖြင့် AIT စာစဉ်၏ (၄၇) အုပ်မြောက် စာစဉ်အဖြစ် ရေးသားထုတ်ဝေ
လိုက်ပါသည်။
ဝေဖြိုးအောင် (AIT
Computer)
No comments:
Post a Comment