Social Icons

Monday, August 4, 2014

064 Computer Virus Book & DVD



ကွန်ပျူတာနဲ့ မကင်းတဲ့သူတိုင်း Virus ဆိုတဲ့စကားလုံးကို အနည်းနဲ့ အများ ပက်သက်ခဲ့ဖူးကြမှာပါ။ Magway FC လို Viurs အကိုက်ခံရလို့ Data File ‌တွေအားလုံး ပျက်စီးခဲ့ဖူးကြတဲ့ သူ‌တွေဆိုရင် တစ်သက်မ‌မေ့နိုင်စရာ အမှတ်တရဖြစ်မှု‌တွေ ကျန်ရှိခဲ့ ကြပြီး Virus နဲ့ အများဆုံးပက်သက်ခဲ့ကြရပါတယ်။ လခထုတ်ခါနီးကြမှ Excel File ‌တွေ အားလုံးပျက်စီးခဲ့ကြလို့ ကုမ္ပဏီလုပ်ငန်း‌တွေ ‌တော်‌တော်များများ က‌မောက်ကမဖြစ်ခဲ့ရပါ တယ်။
            Virus ဆိုတဲ့အ‌ကောင်က စက်ထဲကို ဝင်ပြီးမှ သက်တာထက် မဝင်ခင်မှာပဲ မဝင် ‌အောင်တာဆီးနိုင်မှသာ မိမိအ‌ရေးကြီး Data ‌တွေအတွက် လုံခြုံမှုရှိမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့် Data ‌တွေကို မဖျက်သွားဘဲနဲ့ ဖွင့်မရ‌အောင် လုပ်သွားတဲ့ Virus ‌တွေ ရှိ‌နေတာ‌ကြောင့် Data ‌တွေကိုမကြာခဏ ပြန်လည်စစ်‌ဆေးသင့်ပါတယ်။

            Recovery Software ‌တွေရှိပါတယ်ကွာဆိုပြီး Data လုံခြုံ‌ရေးကို ‌ပေါ့ဆခဲ့ကြမယ် ဆိုရင် ဖြစ်လာကာမှ ဟို Software ကမရ၊ ဒီ Software က ပြန်‌တော့ရ၏ ဖွင့်ကြည့်လို့ မရ၊ ‌နောက်တစ်ခုက‌တော့ ပြန်ရတဲ့ဖိုင်‌တွေက အရင်ကိုယ်‌ပေးထားတဲ့ ဖိုင်နာမည်‌တွေ မဟုတ်‌တော့၊ ဖိုင်‌တွေပြန်ဖွင့်ကြည့်နိုင်ဖို့ သက်ဆိုင်ရာဖိုင်အလိုက် Repair ပြန်လုပ်ဖို့ လို၏၊ စတဲ့ဒုက္ခ‌တွေ အဆင်မ‌ပြေမှု‌တွေ ‌တွေ့နိုင်တာ‌ကြောင့် (ဝါ) ‌တွေ့ဖို့‌သေချာတာ‌ကြောင့် Virus ရန်ကို အထူးသတိပြုကာကွယ်ထားဖို့ လိုအပ်လှပါသည်။
            ကွန်ပျူတာအတွင်းသိမ်းဆည်းထား‌သော Installor Software များ၏ Keygen များသည် ဗိုင်းရပ်များ ဝင်‌ရောက်ခို‌အောင်းဖို့ ကပ်ငြိတွယ်တာဖို့ အ‌ကောင်းဆုံး ‌နေရာများ ဖြစ်ကြသည်။ ထို့‌ကြောင့် Keygen များကို Zip File လုပ် Password ‌ပေးပြီးမှသာလျှင် သိမ်းဆည်းထားသင့်သည်။ ဒါမှမဟုတ် Keygen ၏ File Size ကိုပါ File Name တွင် ထည့်‌ရေးထားသင့်သည်။ ဆိုပါ‌တော့ Premiere Keygen 456 KB ဆိုပြီး File Name ‌ပေးထားမယ်။ အကယ်၍များ ‌နောင်တစ်ချိန် ပြန်ဖွင့်ကြည့်လိုက်လို့ 456 က 590 KB ဖြစ်‌နေရင် Window 7 လို Security မြင့်တဲ့ OS ဆိုရင် ဖွင့်မရ‌တော့ပဲ Close Program သာ ဖြစ်‌နေ‌တော့မှာပါပဲ။ ထို့‌ကြောင့် မိမိအသုံးပြု‌နေကျ Software များကို Hard Disk, Stick ထဲ‌တွေမှာသာ သိမ်းမထားပဲ DVD များဖြင့် စနစ်တကျ သိမ်းဆည်းထားသင့်‌ကြောင်း အကြံ‌ပေးလိုပါသည်။
            ကွန်ပျူတာစတင်ကိုင်တွယ်‌လေ့လာသူများပင် အလွယ်တကူသိနားလည်‌အောင် ဤဗိုင်းရပ်စာစဉ်‌လေးကို Update လုပ်ပြီး ပြန်လည်ထုတ်‌ဝေလိုက်ပါသည်။ စတင်ထွက်ရှိ ခါစက 2009 October လဖြစ်ပြီး ထိုစဉ်ကပြန့်ပွားခဲ့‌သော ဗိုင်းရပ်များနှင့်အတူ ယခု 2011 September လမှာ အ‌တော်‌လေး‌သောင်းကျန်း‌နေတဲ့ WaterMark.exe (Copy of shortcut to 1,2,3,4) အ‌ကြောင်းပါ ထည့်သွင်း‌ရေးသားထားပါတယ်။ Antivirus ‌တော်‌တော်များ သည် WaterMark.exe ကို Detect သိရုံသာသိပြီး အပြီးပြက် မသက်နိုင်ကြ‌သေးပါ။ ၎င်းရဲ့ Service File များကို End Process လုပ်၊ WaterMark.exe ကို ဖျက်၊ ပြန်လည် ဗိုင်းရပ်ဖိုင်အတုလုပ်ပြီး ပြန်ထား သူဖျက်သွားတဲ့ Dll ဖိုင်ပိုင်ရှင် Software များကို အသစ်ပြန်တင်နည်းဖြင့်သာ Window မတင်ဘဲ ‌ဖြေရှင်းထားနိုင်သည်။ သူ၏ ‌ကောင်းတဲ့အချက်က Software Application များကိုသာ အသုံးပြု run မရ‌အောင်လုပ်ပြီး User ‌တွေ၏ Data ‌တွေကို‌တော့ ဖျက်မသွား။
            အားလုံး‌သောသူတို့၏ ကွန်ပျူတာအတွင်းရှိ Data များ Virus ‌ကြောင့် ပျက်စီး ခြင်းမှ ကင်း‌ဝေးကြပါ‌စေ။

‌ဝေဖြိုး‌အောင် (AIT Computer)

No comments:

Post a Comment