Social Icons

Monday, August 4, 2014

018 Cafesuite Book & DVD



ကျွန်တော်ရေးသားပြီးတဲ့ Local Area Network (LAN) စာအုပ်ဖတ်ပြီးလို့ Cable network ချိတ်ဆက်တတ်သွားပြီဆိုရင် အခု ဖော်ပြမည့် Cyber Management Software နှစ်ခုကို လေ့လာလေ့ကျင့်သင့်ပါသည်။ အဲဒီနှစ်ခုက CafeSuite နဲ့ CafeZee ပါ။ နှစ်ခုစလုံးက သူ့ဟာနဲ့သူ ကောင်းပါတယ်။ ဘယ်လို ကောင်းတာလဲဆိုတာကတော့ သုံးကြည့်မှ သိမှာပေါ့ဗျာ။ Install လုပ်တာကတော့ Server, Client ပုံစံ​​​လေးပါ။ အားလုံးကို ထိန်းချုပ်မည့်စက်ကို Server Software တင်ပေးရမည် ဖြစ်ပြီး အထိန်းချုပ်ခံရမည့် ကွန်ပျူတာများကိုတော့ Client Software ထည့်သွင်းရပါမည်။ အလုံးစေ့ ထည့်ရပါမည်။ ကွန်ပျူတာ အလုံး ၂၀ ရှိတယ် ဆိုပါတော့။ Server ထားမည့် တစ်လုံးကို Server Software ထည့်မည်။ ကျန်သည့် ၁၉ လုံးကို Client Software များလိုက်ထည့်မည်။ ဒါတွေ မထည့်ခင်မှာတော့ အလုံး ၂၀ လုံး အမှန်တကယ် ချိတ်ဆက်ထားရဲ့လား၊ Ping ခါက်ရင် Reply ပြန်သလား ဆိုတာ အရင်သေချာအောင် စစ်ကြည့်ပါဦး။ အကုန်လုံးချိတ်ဆက်ပြီးမှ Cyber Software တွရဲ့ Function တွ အကုန်လုံး ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

            Cyber Management ဆိုတဲ့အတိုင်း တစ်ဆိုင်လုံးရဲ့ စာရင်းတွေ အကုန်လုံးကို မှတ်ထားလို့ရပါတယ်။ ကွန်ပြူတာတစ်လုံးချင်းစီရဲ့ စတင်အသုံးပြုချိန်၊ ပိတ်ချိန်၊ တစ်နာရီကို ကုန်ကျစရိတ် ဘယ်လောက်၊ စုစုပေါင်း ဘယ်လောက်ကျတယ်၊ တစ်ခြား အပိုပစ္စည်းတွေ အပိုသုံးစွဲမှုတွေဖြစ်တဲ့ CD/DVD ခွေဖိုး၊ Scan, Print ဖိုးတွေပါ Bill ထဲမှာ ပေါင်းမှတ်ပြီး ရှင်းခိုင်းလို့ရပါတယ်။ သုံးမည့်သူမရှိရင် ကွန်ပျူတာကို Lock လုပ်တာမျိုး၊ Shutdown လှမ်း လုပ်တာမျိုး တွေပါ လုပ်လို့ရပါတယ်။ Security ထိန်းချုပ်မှုကိုလည်း လိုအပ်သလို ချိန်ညှိလို့ ရပါတယ်။ Promotion အနေနဲ့ Member Card တွလည်း စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။
            Internet ဆိုင် Game ဆိုင်တွေမှာ အမှန်တကယ်အသုံးဝင်တဲ့ Software တွေမို့လို့ တစ်ဆင့်ချင်းစီ လေ့လာရအောင်။ ချိတ်ဆက်တတ်သွားရင်တော့ ဝေဖြိုးအောင် (Systemer) နာမည်​​တော့ မမေ့နဲ့ပေါ့ဗျာ။ နောက်လာမည့် ညီငယ် ညီမငယ်တွေကိုလည်း ဝေဖြိုးအောင် ရေးတဲ့ ကွန်ပျူတာစာအုပ်တွေနဲ့ လေ့ကျင့်ပေးလိုက်ကြပါဦး။ တတ်စေချင်လွန်းလို့ပါဗျာ။
ဝေဖြိုးအောင်(AIT Computer)

No comments:

Post a Comment