Social Icons

Monday, August 4, 2014

006 ShowBiZ Vidoe Editing DVD & Book



            စာရေးသူအနေနဲ့ ဗွီဒီယိုတည်းဖြတ် Software တွကို စတင်လေ့လာမိတော့ ShowBiZ ကို ပထမဆုံးတွေ့မိပါတယ်။ ရိုးရှင်းလွယ်ကူလှတဲ့ သူ့ရဲ့ User Interface တွက စာရေးသူကို Editing အကြောင်းအမြန်ဆုံး သဘောပေါက်စေပါတယ်။
            ပထမဆုံး မင်းတည်းဖြတ်ချင်တဲ့ Video File, ဓာတ်ပုံဖိုင်, သီချင်းဖိုင် တွကို အရင်ဆုံး ထည့်သွင်းရတယ်ကွ။ အဲဒါကို Import လို့ခေါ်တယ်။            အေး အဲဒီလို Import လုပ်ပြီးရင် သူတို့ကို အစီအစဉ်တကျထားရှိဖို့ အောက်နားက ဘားတန်းပေါ်ကို ဆွဲချရတယ်။ အဲဒါကို Timeline လို့ခေါ်တယ်ကွ။    နောက်ခံသီချင်းထည့်ချင်ရင် ခုနက အသုံးပြုဖို့ ထည့်သွင်း Import လုပ်ထားတဲ့ သီချင်းတွေကိုလည်း Timeline မှာ သူ့အတွက်သက်မှတ်ထားတဲ့ Music နေရာမှာ ဆွဲချရုံပဲကွ။စာတန်းထိုးချင်ရင် Title ကိုသွားကွ။  ဇာတ်ဝင်ခန်း တစ်ခန်းတစ်ခန်း ကြားမှာ Transition ထည့်ကွ။

            ဗွီဒီယိုတည်းဖြတ်မှာ Effect ကိုလည်း မင်းစိတ်ကြိုက်အသုံးပြုနိုင်တယ်ကွ။
            နောက်ဆုံး Timeline ကို မင်းစိတ်ကြိုက် အစီအစဉ်တကျဖြစ်အောင် လုပ်ပြီးရင် ခွေထုတ်ရတော့မယ်ကွ။ အဲဒါကို Export လုပ်တယ်လို့ခေါ်တယ်ကွ။ အဲဒီအခါကျရင်တော့ Video Editing Theory အရ Video Format တွေအကြောင်း မင်းနားလည်ဖို့လိုအပ်လာပြီကွ။
            အခုတင်ပြလိုက်သလိုပဲ အလွယ်ကူဆုံးနည်းလမ်းနဲ့ Editing ရဲ့ Procedure (လုပ်ငန်းဆောင်တာအဆင့်ဆင့်) ကို အမြန်ဆုံးနားလည်သဘောပေါက်စေပါတယ်။ အခုရေးသား ဖော်ပြထားတဲ့ ShowBiZ ဟာ Premiere, Pinnacle, Director, Final Cut Pro စတဲ့ Video Editing Software တွကို အလွယ်တကူလေ့လာစေနိုင်ဖို့ Concept (အခြေခံသဘောတရား) တွေပေးတယ်ဆိုတာ နားလည်စေချင်ပါတယ်။
            MP3, MP4 သီချင်းသွင်းတဲ့ ဆိုင်တွေအနေနဲ့လည်း ဓာတ်ပုံတွေနဲ့ သီချင်းတွေကို ရောသမမွှေတဲ့ Photo VCD Album လုပ်ရာတွင် အချိန်အသက်သာဆုံး အမြန်ဆုံးနည်းလမ်းနဲ့ လွယ်လင့်တကူလုပ်ဆောင်နိုင်ပါတယ်။
‌ဝေဖြိုး‌အောင် (AIT Computer)

No comments:

Post a Comment