Social Icons

Monday, August 4, 2014

003 Wireless Network Book & Myanmar Learning DVD



            Cable Network တွေ လေ့လာပြီးတဲ့အခါမှာတော့ အခုတဖန်လေ့လာဖို့ အလှည့်ကျ လာတဲ့ ပညာရပ်ကတော့ ကြိုးမဲ့ network ခေါ် Wireless Network ပဲဖြစ်ပါတယ်။ ကွန်ပျူတာတွေအားလုံးဆီက Data တွ Command တွ ဖြတ်သန်းစီးဆင်းဖို့ Cable ကြိုးတွေ အစား လေထုကိုပဲ Medium ကြားခံနယ်အဖြစ် အသုံးပြုပါတယ်။ လေထုထဲမှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ Radio လှိုင်းတွေ ရှိပါတယ်။ အဲဒီ Radio Wave တွေပေါ်ကနေ သက်မှတ်ထားတဲ့ Frequency (ကြိမ်နှုန်း) အတိုင်း ကျွန်တော်တို့ရဲ့ Wireless Signal တွေ ပို့လွှတ်ပါတယ်။
            ပို့လွှတ်တယ်ဆိုတော့ Transmitter ပါ့။ နောက်ထပ် Device တစ်ခုက အဲဒီ Signal တွေကို ဖမ်းယူပါတယ်။ Receiver ပေါ့။ အဲဒီတော့ Wireless Network တစ်ခုတည်ဆောက်ဖို့ Transmitter, Receiver စတဲ့ အလုပ်တွေ လုပ်ပေးနိုင်တဲ့ Hardware Device တွေ လိုအပ်လာပါပြီ။ အဲဒီလို လုပ်ပေးနိုင်တဲ့ ပစ္စည်းတွေကတော့ Router, Access Point, CPE စတာတွေပဲ ဖြစ်ပါတယ်။
            ဝေးကွာနေတဲ့ နေရာနှစ်ခုကို Network ချိတ်ဆက်ဖို့ ကြိုး​​တွေ မလိုတော့ပါဘူး။ Wireless CPE တွေနဲ့ Point to Point ချိတ်မယ်။ ချိတ်ဆက်ပြီးရင် ဘာ Service တွ ရနိုင်သလဲဆိုတော့ LAN မှာ ရနိုင်သလို အကုန်ရပါတယ်။
            Internet Service, File Sharing, Printer Sharing, Monitoring on CCTV from DVR, software sharing, hardware sharing, DHCP, DNS စတဲ့ network function ​​​တွ အကုန်ရပါတယ်။
            အခုအချိန်မှာ အသုံးများနေတာက တစ်နေရာမှာ ရှိတဲ့ Internet ကို အခြားတစ်နေရာသို့ ဖြန့်ဝေခြင်း (တည်ဆဲဉပဒေအရ ဒီကိစ္စ တရားမဝင်ကြောင်းတော့ သိရှိထားရပါမည်။) အခြား တစ်နေရာမှာ ရှိသော CCTV ကင်မရာများကို DVR Lan မှ တဆင့် နောက်တစ်နေရာမှ လှမ်းကြည့်ခြင်း၊ ကွန်ပျူတာများချိတ်ဆက်ပြီး Data Sharing, File Sharing ပြုလုပ်ခြင်း တို့အတွက် ဖြစ်ပါသည်။
            ကဲ နိဒါန်းပျိုးနေတာ ကြာပါတယ်။ Wireless ဆိုတာ ဘယ်လိုကြီးလဲ ဘယ်လို အလုပ်လုပ်သဲဆိုတာ ကြည့်ကြရ​​အောင်ဗျာ။
 ဝေဖြိုး‌အောင် (AIT Computer)

No comments:

Post a Comment