Wireless Networks
Thursday, August 7, 2014
Wireless နည်းပညာ
Cisco Network အကောင်းဆုံးလေ့လာဖို့ Packet Tracer Software
Packet Tracer ဟာ နည်းပညာ အကူအညီ အထောက်အပံ့ ပစ္စည်း (Supplemnet) သာဖြစ်ပြီး အမှန်တကယ် Cisco Device တွေရဲ့ နေရာကို အစားထိုးခြင်း မဟုတ်ပါ။ Cisco Device တွေ အလုပ်လုပ်ပုံကို Packet Tracer Network Model ကနေ ရရှိတဲ့ Result တွေနဲ့ နှိုင်းယှဉ် လေ့လာစေချင်တဲ့ သဘောသက်သက်ပါ။
Cisco
Device တွေက ကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုရင်
ဈေးကြီး တန်ဖိုးကြီးပြီး အလွယ်တကူဝယ်ယူလို့ လည်းမရပါဘူး။ ကျွန်တော်ဆို မန္တလေးကဆိုတော့
ပိုဆိုးတာပေါ့။ ဒီ Packet Tracer နဲ့ကျမှပဲ လက်တွေ့ရော သီအိုရီရော လေ့ကျင့်လို့ ရသွားတယ်။
ဒါကြောင့် ကမ္ဘာအဆင့်မှီ Network နည်းပညာကို လေ့လာလိုက်စားကြကုန်သော ညီငယ် ညီမငယ် များအတွက်
အလွယ်တကူ လေ့လာလို့ရအောင် မျှဝေ Sharing လုပ်လိုက်ပါတယ်။
Barcode ဆိုတာ
ကုန်ပစ္စည်းထုတ်လုပ်မည့်သူတိုင်း Barcode System ကို မဖြစ်မနေ သုံးစွဲဖို့ လိုအပ်လာပါတယ်။ သို့မှသာ တိကျသော လျှင်မြန်သော ထိရောက်သော စီးပွားရေးလုပ် ငန်းတွေကို ဝန်ထမ်းအင်းအား အနည်းငယ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
Barcode တွေကို ၁၉၆၀ နောက်ပိုင်းကစပြီး စက်မှုလုပ်ငန်းတွေမှာ စတင် အသုံးပြုလာကြပါတယ်။ အခုအချိန်မှာတော့ ကုန်ပစ္စည်းတွေကို ခွဲခြား ရေတွက်ဖို့ စီးပွားရေးလုပ်ငန်းတွေမှာ တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ Barcode System အသုံးပြုခြင်းကြောင့် ထုတ်ကုန်တွေကို ရေတွက် တွက်ချက်ရာမှာ လူတွေကြောင့် ဖြစ်တတ်တဲ့ အမှားတွေ (Human Error) ကို လျှော့ချနိုင်ခဲ့ပါတယ်။ ဉပမာ - ရောက်ရှိ လာတဲ့ ကုန်ပစ္စည်းတွေကို စာရွက်ဘောပင်ကိုင်ပြီး လိုက်မှတ်နေမည့်အစား Barcode Scan အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာ Database ထဲမှာ အမျိုးအမည် ခွဲခြားပြီး အလို အလျောက် မှတ်သားပြီးသား ဖြစ်သွားပါမည်။ စာရင်းမှတ်ဖို့ ဝန်ထမ်းအများကြီး မလိုအပ် တော့သလို အမေ့သားပီပီ လူတွေရဲ့ မေ့ကျန်တတ်တဲ့ အမှားတွေကိုလည်း ဖယ်ရှားပြီးသား ဖြစ်သွားပါမည်။
Barcode
ဆိုတာ ဘာလဲ?
Barcode တွေကို စက်တွေက ဖတ်ရှုနားလည်နိုင်အောင်
ဒီဇိုင်းပြု တီတွင် ထားပါတယ်။ ဂဏန်းတွေ (Numbers) တွေနဲ့ သင်္ကေတ (Symbols) တွေကို အဖြူ
အနက် မျဉ်းကြောင်းတွေနဲ့ ကိုယ်စားပြုပြီး Encoding လုပ်ထားပါတယ်။ အောက်မှာ နမူနာ ပြထားတဲ့
Barcode ဆိုရင် Code 39 Scheme ကို အသုံးပြုထားတဲ့ Standard 2D Barcode ဖြစ်ပါတယ်။
Barcode တွေကို Laser Scanner တွေနဲ့ အဓိက ဖတ်ကြပြီး အခုနောက်ပိုင်း ပေါ်လာတဲ့
Camera, Phone တွေနဲ့လည်း ဖတ်ရှုနိုင်တာကို
တွေ့ရပါတယ်။
တွေ့ရပါတယ်။
Android OS စတင်မွေးဖွားလာခြင်း
Android OS ဆိုတာ Smart Phone, Tablet စသည် Touchscreen Mobile
Device အတွက် ရည်ရွယ် ဒီဇိုင်းဆွဲထားတဲ့ Linux အခြေပြု Operating System တစ်ခု ဖြစ်ပါတယ်။
ဒီနည်းပညာကို Android Inc က စတင် Developed လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ Google က ဝယ်ယူခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ Mobile Device တွေအတွက် စံချိန်စံညွှန်းတွေကို သတ်မှတ်နိုင်ဖို့
Open Handset Alliance အဖွဲ့ကို ထူထောင်ရင်းနဲ့ Android OS ကို Google က စတင်မိတ်ဆက်ခဲ့တယ်။
Android OS ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Android Phone ကို ၂၀၀၈ ခုနှစ် အောက်တိုဘာမှာ စတင်ရောင်းချခဲ့တယ်။
Hacker ဆိုတာ
Hacker ဆိုတာ ဘာလဲ?
Hacker ဆိုတာ
Electronic ပစ္စည်းတွေ၊ ကွန်ပြုတာ စနစ်တွေ၊ Network စနစ်တွေကို အလွန်ကလိချင်သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ကွန်ပြုတာ စနစ် အလုပ်လုပ်ပုံကို အသေးစိတ် သိချင်နေသူတွေဖြစ်ပြီး ပိုမိုကောင်းမွန်အောင်
အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေချင်နေကြပါတယ်။ Hacker အမျိုးအစား (၂) မျိုး
ရှိပါတယ်။
White Hat
သူတို့ကို
Good Guy အဖြစ် သတ်မှတ်ကြပါတယ်။ White Hat Hacker တွေဟာ တရားဉပဒေ ချိုးဖောက်ဖို့ အတွက်
သူတို့ရဲ့ ပညာရပ်ကျွမ်းကျင်မှုတွေကို အသုံးမပြုကြပါဘူး။ များသောအားဖြင့် သူတို့ဟာ ကွန်ပြူတာ
လုံခြုံရေး ကျွမ်းကျင်သူတွေ ဖြစ်လာကြပြီး Black Hat တွေရဲ့ ရန်ကနေ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။
Black Hat
သူတို့ကိုတော့
Bad Gay အဖြစ် သတ်မှတ်ကြပါတယ်။ Black Hat Hacker တွေက
သူတို့ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကိုယ်ကျိုးအတွက် အသုံးချပါတယ်။ Black
Hat တွေဟာ ဘယ်လိုလူစားတွေလဲ
ဆိုတော့ ဘဏ်တွေကို ထိုးဖောက်ဝင်ရောက်တယ်၊
Credit Card တွေကို ခိုးတယ်၊
Website တွေကို ပုံစံပြောင်း ပြုပြင်ရေးသားကြတယ်။
Monday, August 4, 2014
CPU အမြန်နှုန်းနဲ့ လူရဲ့ အမြန်နှုန်း
CPU တစ်လုံးဟာ ပျှမ်းမျှ တစ်စက္ကန့် မှာ သန်းသုံးထောင်နှုန်းနဲ့
လုပ်တယ်။ ထပ်ပြီး အတွေးနယ်ချဲ့ကြည့်မယ်ဆိုရင် လူတွေရဲ့စိတ်၊ တစ်စက္ကန့်မှာ ကြိမ်နှုန်း
ဘယ်လောက်နဲ့ လုပ်မလဲ။ လူတွေတီထွင်လိုက်တဲ့ ကွန်ပျူတာဟာ တစ်စက္ကန့် ကြိမ်နှုန်းဘယ်လောက်
နဲ့ လုပ်တယ်ဆိုတာရှိရင် ကွန်ပျူတာကိုတီထွင်လိုက်တဲ့ လူတွေရဲ့ စိတ်မှာလည်း တစ်စက္ကန့်မှာ
ဘယ်လောက်နှုန်းနဲ့ လုပ်တယ်ဆိုတာရှိရမှာပေါ့။ ဒါကို ဘယ်သိပ္ပံပညာရှင်ကမှ မတိုင်းတာထားပါဘူး။
တိုင်းတာစရာမရှိလို့ ဒါမှမဟုတ် မတိုင်းတာနိုင်လို့ပဲဖြစ်မှာပါ။
ဒါကို ဗုဒ္ဓဘုရားရှင်က တိုင်းတာပေးသွားပါတယ်။ ဘယ်လောက်ရှိသလဲဆိုတာသိအောင် အောက်ပါဝတ္ထုလေးကို
ဖတ်ကြည့်ရအောင်။
စာရေးသူကွန်ပျူတာလောကထဲ မရောက်ခင်တုန်းက
တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ သကျသီဟသာမဏေကျော် ဖြေဆိုဖို့ ဗုဒ္ဓစာပေပါဠိတော်
တွေကို လေ့လာပူဇော်ခဲ့ရပါတယ်။ သကျသီဟ တတိယဆင့် ထိရောက်ခဲ့ပါတယ်။ အခုပြောပြမည့်
ဝတ္ထုလေးဟာ သကျသီဟ ပထမဆင့်မှာ ပြဌာန်းထားတဲ့ ဓမ္မပဒ ဇာတ်ဝတ္ထု ယမကဝဂ် ၊ မဌကုဏ္ဍလီဝတ္ထုပါ။
ဒီဝတ္ထုမှာ လူတစ်ယောက်ရဲ့ စိတ်ကြိမ်နှုန်းဟာ တစ်စက္ကန့်မှာ ဘယ်လောက်ရှိတယ် ဆိုတာ ဘုရားရှင်
ဟောကြားသွားပါတယ်။ မည့်သည့်သိပ္ပံပညာရှင်ကမှ မတိုင်းတာထားတဲ့ လူတွေရဲ့စိတ်ဖြစ်ပျက်နှုန်းကို
အံ့ဩဖွယ်ရာ မြင်တွေ့ရပါမယ်။
064 Computer Virus Book & DVD
ကွန်ပျူတာနဲ့ မကင်းတဲ့သူတိုင်း Virus ဆိုတဲ့စကားလုံးကို
အနည်းနဲ့ အများ ပက်သက်ခဲ့ဖူးကြမှာပါ။ Magway FC လို Viurs အကိုက်ခံရလို့ Data File
တွေအားလုံး ပျက်စီးခဲ့ဖူးကြတဲ့ သူတွေဆိုရင် တစ်သက်မမေ့နိုင်စရာ အမှတ်တရဖြစ်မှုတွေ
ကျန်ရှိခဲ့ ကြပြီး Virus နဲ့ အများဆုံးပက်သက်ခဲ့ကြရပါတယ်။ လခထုတ်ခါနီးကြမှ Excel
File တွေ အားလုံးပျက်စီးခဲ့ကြလို့ ကုမ္ပဏီလုပ်ငန်းတွေ တော်တော်များများ ကမောက်ကမဖြစ်ခဲ့ရပါ
တယ်။
Virus
ဆိုတဲ့အကောင်က စက်ထဲကို ဝင်ပြီးမှ သက်တာထက် မဝင်ခင်မှာပဲ မဝင် အောင်တာဆီးနိုင်မှသာ
မိမိအရေးကြီး Data တွေအတွက် လုံခြုံမှုရှိမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့် Data တွေကို
မဖျက်သွားဘဲနဲ့ ဖွင့်မရအောင် လုပ်သွားတဲ့ Virus တွေ ရှိနေတာကြောင့် Data တွေကိုမကြာခဏ
ပြန်လည်စစ်ဆေးသင့်ပါတယ်။
062 Peachtree Accounting
ခုချိန်မှာ လူငယ်တစ်ယောက်အတွက်
ဘဝအောင်မြင်ချင်တယ်ဆိုရင် နံပါတ်တစ် အင်္ဂလိပ်စာ တတ်ရမည်။ ဒုတိယ ကွန်ပျူတာကျွမ်းကျင်ရမည်။
တတိယ စာရင်းကိုင် ပညာ သိထားရမည်။ အဲဒီလို လူငယ်ကို ကုမ္ပဏီသူဌေးတွေက လက်မလွတ်ချင်လောက်အောင်
လိုချင် လက်သပ်မွေးချင်ကြပါတယ်။ အဲ PA ထားကြတယ်ပေါ့ဗျာ။ (Personal Assistant)
061 MYOB Accounting
Accounting ပညာရပ်ဟာ ခုခေတ်မှာ
ဘဝအာမခံချက်ရှိတဲ့ ပညာရပ်တစ်ခု ဖြစ်လို့ လူငယ်အများစုဟာ LCCI level 3 နဲ့ MYOB
Computer Accounting ကို ပြီးဆုံးအောင် သင်ကြားတတ်မြောက်ဖို့ ရည်မှန်းချက်ပန်းတိုင် ထားလာပါတယ်။
ဟို အရင်တုန်းက ဖခင် တစ်ယောက်တည်း လုပ်အားခဟာ လူဦးရေ ၅ ယောက် ၆ ယောက်လောက် ရှိတဲ့ မိသားစုတွေ
လောက်ငှခဲ့ကြပါတယ်။ ဒီပိုက်ဆံနဲ့ပဲ အိမ် စားစရိတ်ရော ပညာရေး ကျန်းမာရေး အကုန် ဖြေရှင်းလို့
ရပါတယ်။ ခုခေတ်မှာ ၁၀ တန်းအောင်ပြီးတာနဲ့ အဆင်ပြေရာ လုပ်ငန်းတစ်ခုကို ဝင်ရောက်လုပ်ကိုင်ရင်း
ငွေကြေးရော လုပ်ငန်းအတွေ့အကြုံရော ရှာဖွေကြရပါပြီ။ လူငယ် အများစုအတွက် လုပ်ငန်းခွင်ထဲကို
ရောက်လိုက်တာနဲ့ အချိန်ဆိုတာ ဘဝမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိကြရပါပြီ။ တစ်ပတ်မှာ
တစ်ရက်ပဲနားရပြီး တစ်ရက်ကို ၁၀ နာရီကြာ အလုပ်လုပ်နေရတဲ့ လူငယ်အများစုအတွက် ကွန်ပျူတာသင်တန်းတတ်ဖို့ဆိုတာ
သင်တန်းကြေး ပေးစရာငွေကြေးရှိခဲ့ရင်တောင်မှ တတ်ဖို့ အချိန် မပေးနိုင်တော့ပါ။
057 Window XP Install Book & DVD
ကျွန်တော့်စက် Window
ပြုတ်ကျသွားလို့။
ဒီစက်တွေကို Format ချပြီး
Window ပြန်တင်ပေးပါ။
C : ထဲမှာ အရေးမကြီးဘူး
D နှင့် E ကိုတော့ မဖျက်ပါနဲ့။
ကျွန်တော့်စက် Virus ကိုက်သွားလို့
Window တင်ပေးပါ။
ဒီကွန်ပြူတာမှာ Sound
Driver မသိဘူးဖြစ်နေတယ်။
048 Adobe PageMaker Book & DVD
PageMaker ဟာ စာစီစာရိုက်လောကမှာ ဘုရင်တစ်ဆူကဲ့သို့ မင်းမူးနေတာ
ခုချိန်ထိ ပါပဲ။ ရုံး၊ ကုမ္ပဏီတွေမှာ Micorsoft Company ထုတ် Office Word 2010 တို့ဟာ
အသုံးတည့်လှပေမယ့် စာစီစာရိုက်ဆိုင်ကဲ့သို့ ပုံစံအမျိုးမျိုးနဲ့စာရိုက်ရတဲ့အခါ
PageMaker မှာက Word ထက် အားသာချက်အများကြီးပါ။
PageMaker
ကို တစ်ချို့ကွန်ပျူတာသင်တန်းတွေက အခြေခံအဆင့်(Basic) မှာ သင်မပေးကြပါဘူး။ DTP တန်းသော်လည်းကောင်း၊
Graphic တန်းမှာသော်လည်းကောင်း ပြဌာန်းကြပါတယ်။ ဒါဟာ မကောင်းပါဘူး။ ကျွန်တော်တို့
AIT Computer Mandalay မှာ ဆိုရင် Computer Basic တန်းမှာပဲ PageMaker ကို ပြဌာန်းသင်ကြားပေးပါတယ်။
ဒါမှ သင်တန်းသားဟာ AIT Basic ပြီးတာနဲ့ ရုံး၊ ကုမ္ပဏီ၊ စာစီစာရိုက်ဆိုင်၊ မိတ္တူဆိုင်တွေမှာ
တစ်ခါတည်း လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ သင်တန်းသားတွေအတွက် အချိန်နဲ့
ငွေကြေးကို ချုံ့ပေးနိုင်ရပါမယ်။ IT ခေတ်မှာ အချိန်ဆွဲတယ်ဆိုတာ ခေတ်မမှီတဲ့ အယူအဆ
တွေပါ။ လူ့စွမ်းအား အရင်းအမြစ် (Human Resource) တွေကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ အပူတပြင်း လိုအပ်နေပါတယ်။
047 Internet & Modem Book & DVD
တိုးတတ်ပြောင်းလဲလာသော လူနေမှုစနစ်တွင်
Internet သည် မရှိမဖြစ် Essential ဖြစ်လာပါသည်။ ကျောက်ခေတ်မှသည် တဖြေးဖြေးတိုးတတ်ပြောင်းလဲလာကာ
IT (Information Technology) နည်းပညာခေတ်သို့ ရောက်ရှိ၍ လာပေသည်။ Computer ကို
Standalone (တစ်လုံးတည်းသီးသန့်) သုံးစွဲရာမှသည် အချင်းချင်းချိတ်ဆက်၍ Data အပြန်အလှန်ပေးပို့ခြင်း(Data
Sharing)၊ Printer တစ်ခုတည်းကို မျှဝေသုံးစွဲခြင်း (Device Sharing)၊ ဗဟိုထိန်းချုပ်ကွပ်ကဲခြင်း
(Centralization)၊ လုံခြုံရေးဆိုင်ရာနည်းစနစ်များ (Security)၊ Game များ ချိတ်ဆက်ကစားခြင်း
စသည့် Network ဆိုင်ရာနည်းပညာများကို သုံးစွဲလာနိုင်ခဲ့သည်။
046 Microsoft PowerPoint 2010 Book & DVD
Word က
စာစီစာရိုက်အတွက်၊ Excel က စာရင်းဇယားအတွက်၊ PowerPoint က Presentation သရုပ်ဖော်
တင်ပြရှင်းလင်းချက်တွေအတွက်၊ Access က Database အတွက် Visio က Flowchat တွေအတွက်
စသဖြင့် သူနည်းပညာနဲ့သူ အံဝင်ခွင်ကျ ဖြစ်အောင် Micrsoft က ထုတ်ပေးလိုက်တာ ချီးကျူး
အံဩစရာပဲ။ အခုတဖန် အလှည့်ကျလာတဲ့ Microsoft Application ကတော့ PowerPoint ပဲဖြစ်ပါတယ်။
ရုံးတွေ ဌာနဆိုင်ရာတွေ ကုမ္ပဏီတွေအတွက်ဆိုရင် မသိမဖြစ် သိထားရမည့် ပညာရပ်ဗျ။ ကိုယ့်အထက်လူကြီးကို
လုပ်ငန်းဆောင်တာ ဘယ်လောက်ပြီးမြောက်ထားတယ် ဘာတွေလုပ်ရမယ် စတဲ့ Planning တွေကို
ရုပ်သံ Animation တွေနဲ့ တင်ပြရှင်းလင်းနိုင်တယ်။
045 Microsoft Excel 2010 Book & DVD
စာရင်းဇယားများကို
လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်စေရန် Excel ကိုလည်း သင်ကြားဖို့လိုအပ်လာပါသည်။
Microsoft Word သည် ရုံးသုံး စာစီစာရိုက် ၊ Report များ စာအုပ်များ လုပ်ရာတွင် လွန်စွာမှပင်
အဆင်ပြေချောမွေ့လှသော်လည်း စာရင်ဇယားများ အတွက်မူ အကောင်းဆုံးပုံစံ မဟုတ်ပေ။
Spreadsheet Software အမျိုးအစားဖြစ်သည့် Excel သည်သာလျှင် ပေါင်းနှုတ်မြောက်စား
Logical Formula များကို အဆင်အတန်းအမြင့်ဆုံး တွက်ချက်နိုင်ပေသည်။
Excel သည် Office Suite ဖြစ်သည့်အတိုင်း
2003, 2007,2010 ဆိုပြီး Model ၃ မျိုးရှိပါသည်။ Excel 2003 သည် Window XP နှင့်အတူ
အချိန်ကာလ အတော်များများကြာအောင် အသုံးအများဆုံးဖြစ်ခဲ့သော်လည်း ခုချိန်မှာတော့
2007,2010 ကိုအသုံးပြုသင့်ပေသည်။ အသစ်ပါဝင်သော Function များက 2003 နှင့်ဘာမျှမဆိုင်ပေ။
2007 နှင့် 2010 မှာတောင် 2010 ကိုလူသုံးနည်းနေပေသေးသည်။ အလကားရတာတောင် အကောင်းဆုံးကို
မသုံးနိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလေစွ။
044 Microsoft Word 2010 Book & DVD
ရုံးသုံးစာစီစာရိုက်လုပ်ရာတွင် လွယ်ကူလျှင်မြန်တိကျမှုရှိတဲ့အတွက်
Microsoft Word ကို အခြေခံသင်ခန်းစာအဖြစ် ထည့်သွင်းသင်ကြားကြပါသည်။ စာရွက်တောင်းပုံ
(Page Setup)၊ စကားလုံးပုံစံရွေးပုံ (Fonts)၊ စာပိုဒ်ပြုပြင်ပုံ (Paragraph)၊ ကော်လံခွဲပုံ
(Column)၊ ဘောင်ခက် နည်း (Boarder)၊ ဇယားဆွဲပုံ (Table) စသည်တို့ကို အသေးစိတ် နားလည်ပြီး
တစ်ရွက်ချင်းစီ ရိုက်ရသည့် Report များမှသည် စာအုပ်တစ်အုပ် ရိုက်နှိပ်ထုတ်ဝေနိုင်သည့်အထိ
ရှင်းလင်းဖော်ပြ ရေးသားထားပါသည်။
28 Network Security Book & DVD
အခုတင်ပြမည့်
အကြောင်းအရာတွေကတော့ www.trainsignals.com ကနေ ထုတ်ဝေတဲ့ Lab စာအုပ်တွေကနေ
တိုက်ရိုက်ဘာသာပြန် ဖော်ပြပေးထားတာတွေ ဖြစ်ပါတယ်။ဒီ Lab စာအုပ်တွေရဲ့ ရေးသားချက်ကတော့
မြင့်မားတဲ့ နည်းပညာတွေကို လွယ်ကူစွာ နားလည်စေခြင်းပါပဲ။
မဝေ့မဝိုက်ဘဲ
တိုက်ရိုက် ရှင်းလင်းဖော်ပြပေးထားတဲ့အတွက် လေ့လာရတာ အချိန်ကုန်သက်သာပါတယ်။ Lab အတွက်
ရည်စူးထားတဲ့အတွက် သဘောတရားထက် လက်တွေ့က ပိုများပါတယ်။ Server Series တွေအတွက် လုံလောက်တဲ့
တင်ပြမှုတွေပါ။
027 Window Registry Book & DVD
Computer ကို အခြေခံလောက်သာ
သိချင်နေသူများအတွက်တော့ Registry ဟာ စိတ်ဝင်စားစရာမကောင်းပါ။ အဆင့်မြင့်မြင့်သုံးချင်သူများအတွက်
ကိုယ့်ဝင်းဒိုးဟာ သူများနဲ့မတူ ဆန်းသစ်နေအောင်လုပ်ဖို့ဆိုရင်တော့ Registry ဟာ ဝင်ပြီးရင်
ပြန်မထွက် ချင်လောက်အောင် စိတ်ဝင်စားစရာကောင်းပါတယ်။ System ကို ဟိုနှိုက် ဒီနှိုက်
လုပ်ချင်သူတွေဆိုရင်တော့ Registry မှာ Master ဖြစ်ဖို့ လိုအပ်လာပါပြီ။
Virus အကိုက်ခံရရင် Antivirus
Software မလိုအပ်ဘဲ Manual သက်ချင်သူများ အတွက်တော့ Registry ကို သိနားလည်ဖို့ အထူးလိုအပ်လှပါတယ်။
026 Netstation Book & DVD
အရင်ကတည်းက ကွန်ပျူတာ တစ်လုံးတည်းကနေ
Monitor တွေပွားပြီး သုံးတဲ့နည်းစနစ်ကို ကျွန်တော်သိချင်နေတာ ကြာပါပြီ။ ကံကောင်းချင်တော့
အဲဒီပစ္စည်းလေးဟာ ဆိုင်ပေါ်ရောက်လာပါတယ်။ အဲဒီတုန်းက ကိုယ်ကလည်း Network အခြေခံကနည်သေးတော့
ဘယ်လိုမှ ဖြစ်မြောက်အောင် မစမ်းသပ်နိုင် မချိတ်ဆတ်နိုင်ခဲ့ပါဘူး။ အဲ နှစ်နှစ်လောက်လည်း
ကြာရော အဲဒီလို ပစ္စည်းမျိုးထပ်ရောက်လာပါတယ်။ ဒီတစ်ခါတော့ နာမည်ပြောင်းသွားပါတယ်။
Thin Client တဲ့ နာမည်သာပြောင်းသွားတာ ပစ္စည်းကတော့ အတူတူပဲ ။ မတူတာ တစ်ခုကတော့ ပါဝင်တဲ့
Utility Software ဖြစ်ပါတယ်။
018 Cafesuite Book & DVD
ကျွန်တော်ရေးသားပြီးတဲ့
Local Area Network (LAN) စာအုပ်ဖတ်ပြီးလို့ Cable network ချိတ်ဆက်တတ်သွားပြီဆိုရင်
အခု ဖော်ပြမည့် Cyber Management Software နှစ်ခုကို လေ့လာလေ့ကျင့်သင့်ပါသည်။ အဲဒီနှစ်ခုက
CafeSuite နဲ့ CafeZee ပါ။ နှစ်ခုစလုံးက သူ့ဟာနဲ့သူ ကောင်းပါတယ်။ ဘယ်လို ကောင်းတာလဲဆိုတာကတော့
သုံးကြည့်မှ သိမှာပေါ့ဗျာ။ Install လုပ်တာကတော့ Server, Client ပုံစံလေးပါ။ အားလုံးကို ထိန်းချုပ်မည့်စက်ကို
Server Software တင်ပေးရမည် ဖြစ်ပြီး အထိန်းချုပ်ခံရမည့် ကွန်ပျူတာများကိုတော့
Client Software ထည့်သွင်းရပါမည်။ အလုံးစေ့ ထည့်ရပါမည်။ ကွန်ပျူတာ အလုံး ၂၀ ရှိတယ်
ဆိုပါတော့။ Server ထားမည့် တစ်လုံးကို Server Software ထည့်မည်။ ကျန်သည့် ၁၉ လုံးကို
Client Software များလိုက်ထည့်မည်။ ဒါတွေ မထည့်ခင်မှာတော့ အလုံး ၂၀ လုံး အမှန်တကယ်
ချိတ်ဆက်ထားရဲ့လား၊ Ping ခေါက်ရင် Reply ပြန်သလား ဆိုတာ အရင်သေချာအောင် စစ်ကြည့်ပါဦး။ အကုန်လုံးချိတ်ဆက်ပြီးမှ
Cyber Software တွေရဲ့ Function တွေ အကုန်လုံး ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
010 Adobe Premiere Pro Book & DVD
Mac ပေါ်မှာ Final Cut
Pro, PC ပေါ်မှာ Premiere လို့ ပြောစမှတ်တွင်ရအောင် သမိုင်းမှတ်တမ်းကောင်းလှတဲ့
Premiere ဖြစ်ပါတယ်။ အသုံးပြုသူ ဉာဏ်ကွန့်မြူးရင် ကူးသလို လိုသလို ချဲ့ထွင်နိုင်တာက
အဓိက အားသာချက်ဖြစ်ပါတယ်။
Premiere 6.5 ကို တော်တော်များများ အသုံးပြုကြပြီး
Premiere Pro ကိုလည်း နောက်ပိုင်းမှာ အသုံးများလာပါတယ်။ Premere Pro CS5 ဟာ Window
7 64 bit မှာသာ Run တဲ့အတွက် 32 bit သမားအများစုကတော့ Premiere Pro CS4 မှာသာ ကျေနပ်
နှစ်သိမ့် အသုံးပြုကြရပါတယ်။
Track တွေကို စိတ်ကြိုက်လိုသလို တောင်းနိုင်ခြင်း၊
Plug-in Software များ ပေါများ စွာ ရရှိခြင်းတို့က Premiere ကို ပြိုင်ဘက်မရှိ ဖြစ်သွားစေပါတယ်။
သူ့ကို ယှဉ်နိုင်တာ Pinnacle ရှိပေမယ့် အမှန်တကယ်မှာတော့ အဆပေါင်းများစွာ ကွာဟပါတယ်။
Pinnacle မှာ လုပ်လို့ရတာ တွေအားလုံးကို Premiere မှာ လုပ်လို့ရပေမယ့် Premiere မှာ
လုပ်လို့ရသမျှကိုတော့ Pinnacle မှာ လုပ်လို့မရပါဘူး။ Pinnacle Hollywood FX ဟာ
Premiere မှာ Plug-in အနေနဲ့ ချိတ်ဆက်လို့ရတဲ့အတွက် Premiere သမားက Pinnacle ကို မစိမ်းပါဘူး။
009 Pinnacle Studio Book & DVD
ဗွီဒီယို Editing လောကမှာ Pinnacle ဆိုရင်
မကြားဖူးတဲ့သူ ရှားပါလိမ့်မည်။ ဆန်းပြား လှတဲ့ သူ့ရဲ့ Hollywood FX video effect transition တွေက စတင်မြင်တွေ့ခါစလူတွေကို
ထူးထူးဆန်းဆန်း ဖြစ်စေပါတယ်။ မြင်ပါများလို့ ရိုးသွားရင်တော့ မပြောတတ်ပါ။ ကျွန်တော်တို့
စတင်လေ့လာခါစက Pinnacle 9 သည် ယခုအခါ (2011, November) တွင် Version 15 ထိ ထွက်ရှိနေပြီး
ဖြစ်သည်။ 13 ဂဏန်းကို ကြောက်လို့လား မသိဘူး။ Pinnacle 13 လို့တော့ မထွက်ခဲ့ဘူး။
12,14, 15 ဆိုပြီး 13 ကိုကျော်သွားသည်။ သူနဲ့ခေတ်ပြိုင် Ulead ကုမ္ပဏီကတော့ Corel
Video Studio 13 ဆိုပြီး ထွက်ရှိခဲ့ပါသည်။ ရေးတာကတော့ x3 လို့ပဲရေးပါသည်။ ထားပါတော့။
ဒါက ဗဟုသုတအနေနဲ့ ပြောတာပါ။
008 Power Director Book & DVD
Director လို့ပြောလိုက်ရင်
သိုင်းလောကသားတွေက အဲလေ တရုတ်သိုင်းကားတွေ ကြည့်ပြီး ယောင်လို့ Editing လောကသားတွေက
''စာတန်းထိုးအကောင်းဆုံးSoftware'' ပဲ လို့ သိကြပါတယ်။ အလှူ၊ မင်္ဂလာဆောင်တွေရဲ့ နိဒါန်း
Intro တွေကို Director နဲ့ပဲ စာတန်းထိုး ကြပါတယ်။ Director နဲ့စာတန်းထိုးမှ
Advanced ဖြစ်တယ်လို့ ဆိုကြပါတယ်။ Director အကြောင်းမိတ်ဆက်နေတာ လွန်လှချည်းလားလို့
အပြစ်တင်မစောလိုက်ပါနဲ့။ သင်လည်း သုံးကြည့်ရင် အကြိုက်တွေ့သွားမှာပါ။ အဆင်သင့်ပြုလုပ်ထားတဲ့
Effect တွေက စွဲမှတ်စရာ ကောင်းလှပါတယ်။
007 Corel Ulead Video Studio Book & DVD
Corel Video Studio ကို
ကမ္ဘာကျော်ရုပ်သံတည်းဖြတ် Software တွေထုတ်လုပ်တဲ့ Ulead ကုမ္ပဏီက ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 2011 ခုနှစ် နိုဝင်ဘာလအထိမှာတော့
Corel Video Studio ကို Version 14 အဖြစ် ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ Video
Editing လောကမှာ နောက်ထပ် ထင်ရှားကျော်ကြားတဲ့ Ulead Product တစ်ခုကတော့ Export အမျိုးအစား
Ulead Movie Factory 7 ပဲ ဖြစ်ပါတယ်။ Video Editor (ဗွီဒီယိုတည်းဖြတ် သမား) တွေ
DVD ခွေထုတ်ရာမှာ အသုံးပြုတဲ့ Software Application တစ်ခုဖြစ်ပါတယ်။ စကားမစပ် ကျန်တဲ့
Export Software နှစ်ခုကိုလည်း မှတ်ထားလိုက်ပါဦး။ အဲဒီနှစ်ခုကတော့ Canopus ကုမ္ပဏီထုတ်
Procoder 3 နဲ့ TMPEG Encoder (မြန်မာလို တီအမ်းပတ်) တို့ ဖြစ်ပါတယ်။ Edit သမားဆိုရင်
Export ခွေထုတ်တဲ့ ဒီဆော့ဝဲ ၃ ခုကို သိကို သိထားမှ ရမယ်။
006 ShowBiZ Vidoe Editing DVD & Book
စာရေးသူအနေနဲ့
ဗွီဒီယိုတည်းဖြတ် Software တွေကို စတင်လေ့လာမိတော့ ShowBiZ ကို ပထမဆုံးတွေ့မိပါတယ်။ ရိုးရှင်းလွယ်ကူလှတဲ့
သူ့ရဲ့ User Interface တွေက စာရေးသူကို Editing အကြောင်းအမြန်ဆုံး သဘောပေါက်စေပါတယ်။
ပထမဆုံး
မင်းတည်းဖြတ်ချင်တဲ့ Video File, ဓာတ်ပုံဖိုင်, သီချင်းဖိုင် တွေကို အရင်ဆုံး ထည့်သွင်းရတယ်ကွ။
အဲဒါကို Import လို့ခေါ်တယ်။ အေး အဲဒီလို
Import လုပ်ပြီးရင် သူတို့ကို အစီအစဉ်တကျထားရှိဖို့ အောက်နားက ဘားတန်းပေါ်ကို ဆွဲချရတယ်။
အဲဒါကို Timeline လို့ခေါ်တယ်ကွ။ နောက်ခံသီချင်းထည့်ချင်ရင်
ခုနက အသုံးပြုဖို့ ထည့်သွင်း Import လုပ်ထားတဲ့ သီချင်းတွေကိုလည်း Timeline မှာ သူ့အတွက်သက်မှတ်ထားတဲ့
Music နေရာမှာ ဆွဲချရုံပဲကွ။စာတန်းထိုးချင်ရင် Title ကိုသွားကွ။ ဇာတ်ဝင်ခန်း တစ်ခန်းတစ်ခန်း ကြားမှာ Transition ထည့်ကွ။
005 Computer Basic DVD & Book
ဘယ်ပညာရပ်မဆို
အခြေခံကနေ စတင်လေ့လာမှသာ ပြီးပြည့်စုံစွာ နားလည် သဘောပေါက်နိုင်မှာဖြစ်ပါတယ်။
ပညာရပ်တိုင်းရဲ့ အခြေခံအုတ်မြစ်ကို အချိန်ကြာပါတယ်ကွာ လွယ်လွယ်လေးတွေကိုများ တကူးတက
သင်နေစရာမလိုပါဘူး ဆိုပြီး ချန်လှပ်ထားခဲ့မယ်ဆိုရင် အမြင့် ရောက်လေ ဒုက္ခရောက်လေဖြစ်မှာပါ။
ဒီစာအုပ်ထဲမှာ ရှင်ပြပေးထားတာတွေဟာ သိပြီးသားသင်ပြီးသားသူတွေအတွက်
ဘာမျှမထားဆန်းပေမယ့် အခြေခံသင်တန်းတွေမှာ မသင်မဖြစ် သင်ပေးရမည့် အကြောင်းအရာ တွေဖြစ်ပါတယ်။
ဒါတွေမသိရင် သင်ဖို့ ကျန်သွားရင် အဲဒီကျောင်းသားပေါ်မှာ တာဝန်မကျေပါဘူး။
004 Software Installation Guide Book & DVD
Software
Installation Guide ဆိုပြီး စာအုပ်တစ်အုပ် ရေးသားချင်နေတာ ကြာပါပြီ။ တစ်ချို့
Customer တွေဟာ Install လုပ်ဖို့ အင်မတန်လွယ်ကူလှတဲ့ Software လေးတွေ တောင် Service ဆိုင်ကို
တကူးတကလာပို့၊ တစ်နေကုန် အပ်ထား၊ ညနေ ဒါမှမဟုတ် နောက်နေ့ မှလာယူ၊ အဲဒီတော့ အချိန်ကုန်
လူပန်း ငွေကုန် အလုပ်ပျက်တာပေါ့။ အဲဒီလို မဖြစ်ရအောင် ကိုယ်အသုံးပြုနေကျ Software လေးတွေကို Software ဆိုင်တွေဖြစ်တဲ့
Active, National, Excellent, NewMe တို့ကနေ ဝယ်ပြီး ဆောင်ထားလိုက်မယ်။ အမှန်တကယ်
Install လုပ်တောင်အောင်လည်း လေ့လာထားမယ် ဆိုရင် စက်ပျက်လို့ Service ဆိုင်ပို့ရတယ်ဆိုတာ
မရှိတော့ပါဘူးဗျာ။
ကွန်ပျူတာမှာ အပိုင်း ၂ ပိုင်းရှိတယ်ဗျ။
Hardware နဲ့ Software။ Hardware က ပျက်ခဲတယ်ဗျ။ တော်ရုံတန်ရုံလောက်နဲ့တော့ မပျက်ပေါင်။
အဲ ခဏ ခဏ ပျက်တာကတော့ Software ဗျ။ လက်တွေ့လုပ်ငန်းအနေနဲ့ ပိုင်းခြားကြည့်လိုက်မယ်ဆိုရင်
Window, Driver, Application, Plug-in ဆိုပြီး (၄) ပိုင်းရှိတယ်ဗျ။ window နဲ့
Driver ကတော့ စနစ်တကျ သင်ယူမယ်ဆိုရင် မခက်ခဲပေမယ့် ဒီအတွက် A+ သင်တန်းတစ်ခုတတ်ပြီး
အချိန်ပေးရမှာ ဖြစ်တဲ့အတွက် အလွယ်တကူ လုပ်တတ်မည် မထင်ပါ။ Appliction နဲ့ဆိုင်ရာ
Plug-in ထည့်တာ လောက်ကိုတော့ Next, Next, Finish နှိပ်တတ်ရုံလေးနဲ့ ဖြစ်နိုင်တဲ့အတွက်
အိုးမကွာ၊ အိမ်မကွာ၊ သင်တန်းကြေးပေးစရာမလို၊ အချိန်သီးသန့် ပေးစရာမလိုပဲ ဒီစာအုပ်လေးကို
အစဉ်အတိုင်း ဖက်လိုက်တာနဲ့ ကိုယ်တိုင် လုပ်နိုင်လိမ့်မည်ဆိုတာ ယုံကြည်ပါသည်။
Subscribe to:
Posts (Atom)