A+ လို့ပြောလိုက်ရင် ကွန်ပျူတာလောကမှာ ကွန်ပျူတာစက်ပြင်တဲ့ အလုပ်ဆိုပြီး
လူတိုင်းသိကြပါတယ်။ A+ နည်းပညာတွေကို သိတဲ့သူဟာလည်း ကွန်ပျူတာကို သာမာန်အသုံးပြုသူတစ်ယောက်အဆင့်မဟုတ်တော့ပဲ
Advanced Level ရောက်သွားပြီး ကွန်ပျူတာရဲ့ Setting တွေကို စိတ်ကြိုက်ပြင်ဆင်တည်းဖြတ်နိုင်တဲ့
Administrator တစ်ယောက်ဖြစ်လာတတ်ပါတယ်။ A+ ဆိုတဲ့ စကားနဲ့ အတူ နောက်ဆက်တွဲ မှတ်ထားရမည့်စကားလုံးကတော့
Systemer ပဲဖြစ်ပါတယ်။ ကွန်ပျူတာစက်ပြင်တဲ့ သူလို့ ယေဘူယျ သတ်မှတ်နိုင်ပါတယ်။ A+ တတ်ထားတဲ့သူတိုင်း
Systemer မဖြစ်နိုင်သလို Systemer တိုင်းလည်း A+ တတ်ဖူးချင်မှ တတ်ဖူးပါလိမ့်မည် ။ဘာပဲဖြစ်ဖြစ်
A+ နဲ့ Systemer ဆိုတာ ခွဲခြားလို့မရပါဘူး။ သတင်းစာထဲမှာ အလုပ်ကြော်ငြာခေါ်ရင်တော့
စာသံပေသံပေါက်အောင် Hardware Technician လို့ခေါ်ပါတယ်။ တကယ်တော့ Hardware
Technician ဆိုတာ Systemer စကာလုံးထက်မြင့်ပါတယ်။ ဒီမှာက Motherboard ပျက်လို့
Hardware တစ်ခုခု ပျက်လို့ တစ်စစီစွဲဖြုတ်ပြီးပြင်တာထက် ပျက်တဲ့အစိတ်အပိုင်းတစ်ခုလုံးကိုပဲ
အစားထိုးလဲလှယ်နည်းကိုသာ အသုံးပြုတာ ဖြစ်တဲ့အတွက် Hardware တွေရဲ့ Technician စကားနဲ့
မထိုက်တန်ပါဘူး။ Motherboard ပေါ်မှပါတဲ့ ပစ္စည်းအစိတ်အပိုင်းနာမည်တောင် မမှတ်နိုင်ပဲနဲ့
ဒါကိုပြင်ဖို့ ဆိုတာခက်ခဲ ပါလိမ့်မည်။ သူတို့ဆီမှာ PCB (printed circuit board ) လို့ခေါ်တဲ့
အလွာ ရလွှာ လောက်ရှိတဲ့ ဟာကို ကတ်ဆက်ရေဒီယkd Circuit တွေ ပြင်ဆင်သလို Gun နဲ့ ဖြုတ်တတ်ဖို့ဆိုတာ
တကယ်မလွယ်တဲ့ကိစ္စပါ။ ရခဲ့ရင်လည်း ခဏလေးနဲ့ ပျက်သွား တတ်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvN3WPobhfcSbP3EIwbiFkLRGSmCTSCxpwNLeZfbm0zwL0jwTAXrysrfyquFPJXUrEVvZdSa-Fc7N15gkU8wqWaSkUZbmMCVsrZdVE7Gu697Qk2JWRwzlObzVo_JdUX0x0b5gD1j_0t6u/s1600/01+A++Album+copy.jpg)
A+ ဆိုတာအကြမ်းမျဉ်းပြောရရင် Hardware တွေတစ်ခုချင်းစီရဲ့
နာမည်၊ အလုပ်လုပ်ပုံ ၊ System တစ်ခုလုံးလည်ပတ်ဖို့ အဲဒီပစ္စည်းဘယ်အခန်း ကဏ္ဍက ပါဝင်လှုပ်ရှားသလဲ? အဲဒီပစ္စည်းမကောင်းခဲ့ရင်
ကြောင်ခဲ့ရင် ဘယ်လို Error မျိုးတွေပေးတတ်သလဲ? ဘယ်လိုဒုက္ခပေးသလဲ? ဘယ်လိုတိုင်းပတ်စေသလဲဆိုတာ
ကို လေ့လာတာ အဓိကပါပဲ။